ပရီးမီးယားလိဂ် ဒီဇင်ဘာ အကောင်းဆုံးဆုများကို လီဗာပူးနည်းပြ ကလော့ပ်နှင့် ဗန်ဒိုက်စ် ရရှိ

လန်ဒန် – ပရီးမီးယားလိဂ် ဒီဇင်ဘာ အကောင်းဆုံးဆုကို လီဗာပူးနောက်ခံလူ ဗန်ဒိုက်စ်က ရရှိပြီး ၎င်းသည် ခြောက်နှစ်အတွင်း ယင်းဆုကိုရသည့် ပထမဆုံး နောက်ခံလူဖြစ်လာသည်။

စပါးနောက်ခံလူ ဂျန်ဗာတွန် ဟန်သည် ၂၀၁၃ ရာသီက တစ်လတာ အကောင်းဆုံးဆု နောက်ဆုံးရရှိခဲ့သည်။ လီဗာပူးသည် ယခုရာသီတွင် ပေးဂိုး ၁၀ ဂိုးသာ ရှိပြီး ယင်းကဲ့သို့ ခံစစ်ကောင်းမွန်မှု၌ နယ်သာလန်လက်ရွေးစင် ဗန် ဒိုက်စ်သည် အဓိကနေရာမှ ပါဝင်နေသည်။ ချယ်လ်ဆီးသည် ယခုရာသီတွင် ပေးဂိုး ၁၆ ဂိုးရှိပြီး အနီးဆုံးပြိုင်ဘက် မန်စီးတီးက ပေးဂိုး ၁၇ ဂိုးရှိသည်။

ဗန်ဒိုက်စ် (၂၇) နှစ်အနေဖြင့် ယခုထက်ပိုမိုမြင့်မားသော စွမ်းဆောင်မှုမျိုး ပြုလုပ်နိုင်သည်ဟု ယုံကြည်ကြောင်း  ပြောကြားပြီး တစ်လတာ အကောင်းဆုံး ဆု လက်ခံရယူပြီးနောက် ဂုဏ်ယူကြောင်း ပြောကြားသည်။

‘‘ဒီဆုကို ရဖို့ ကျွန်တော်တို့ ကူညီပေးခဲ့တဲ့လူတွေ၊ ကျွန်တော် တို့အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်’’ ဟု ၎င်းက ပြောသည်။ ဒီဇင်ဘာ အကောင်းဆုံးနည်းပြဆုကို လီဗာပူးနည်းပြ ကလော့ပ်က ရရှိခဲ့သည်။ ‘‘ဒီဇင် ဘာဟာ အောင်မြင်တဲ့လဖြစ်ပေမယ့် ခက်ခဲတဲ့လလည်း ဖြစ်ပါတယ်’’ ဟု ကလော့ပ်က ပြောသည်။ လီဗာပူးသည် လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ဒုတိယနေရာရှိ မန်စီးတီးကို လေးမှတ်ဖြတ် ဦးဆောင်ထားပြီး ယခုရာသီဖလားရမည်ဟု ရေပန်းစားနေသည်။

—Ref:Daily Mail