သမ္မတ ထရမ့် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ သွားရောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့က တက္ကဆက်ပြည်နယ် ရီယိုဂရန်ဒေးရှိ အမေရိကန်-မက္ကဆီိကို နယ်စပ်ကို သွားရောက်ခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ နယ်စပ်တံတိုင်း တည်ဆောက်ရေး ထောက်ခံမှုရဖို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီမှာ ထရမ့်ဟာ တရားမဝင် ဝင်လာသူတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ အစိုးရယန္တရား ရပ်တန့်နေချိန်မှာ လစာမရရှိတဲ့ နယ်ခြား ကင်းလှည့်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အစောပိုင်းက သူဟာ အရေးပေါ်အခြေအနေ အခွင့်အာဏာကို သုံးပြီး နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ဒေါ်လာ ဘီလျံချီရအောင် လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီအရေးကိစ္စကြောင့် အစိုးရအဖွဲ့ လေးပုံတပုံရဲ့ လုပ်ငန်းရပ်တန့်မှုဟာ ရက် ၂၀ ရှိလာပြီး သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ လစာမရ ဖြစ်ခဲ့ပါတယ်။
သမ္မတ ထရမ့်က ဇန်နဝါရီလကုန်ပိုင်းအထိ ကြာရှည်မယ့် အစိုးရယန္တရား ရပ်တန့်မှုအတွက် အဆင်သင့် ပြင်ထားတယ်လို့ ပြောကြားပြီး ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။
ဒွီဗွီဘီ