အက်ဒရီယန်ဘရွန်နာနဲ့ ထိုးသတ်မယ့် ပက်ကွီအိုရဲ့ချန်ပီယံခါးပတ် ကာကွယ်ပွဲ
ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုကတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ကျရင် အမေရိကန်လက်ဝှေ့သမား အက်ဒရီယန်ဘရွန်နာနဲ့ WBA ဝယ်တာဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မှာဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ပက်ကွီအိုဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လက အာဂျင်တီးနား လက်ဝှေ့သမား မက်သီဆေးကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း WBA ဝယ်တာဝိတ်တန်း ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်မှာဖြစ်ပါတယ်။
အက်ဒရီယန်ဘရွန်နာကတော့ ဝိတ်တန်းလေးခုမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသက် ၂၉ နှစ်အရွယ် လက်ဝှေ့သမားပါ။ အဲဒီပွဲကို လက်စ်ဗီးဂတ်စ်မြို့က MGM Grand Garden Arena မှာ ထိုးသတ်မှာဖြစ်ပြီး မြန်မာစံတော်ချိန်အရ ဆိုရင်တော့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်ရှုရမှာပါ။
_Ref: Skysports