မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပုံမှန်အစည်းအဝေးကျင်းပ
မြစ်သား ဇန်နဝါရီ ၈
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရပ်/ကျေးပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက် ၉နာရီက ပြည် ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသ ကြီး တိုင်းဒေသကြီး ပါတီကော် မတီဝင် ကျောက်ဆည်ခရိုင်နယ် မြေတာဝန်ခံ ဒေါ်သိင်္ဂီအောင်က အဖွင့်အမှာစကား ပြောကြား၍ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်က ပါတီလုပ်ငန်းများကွင်းဆင်းဆောင် ရွက်ရန်ဆွေးနွေးကာ မြို့နယ်ကော် မတီများက ကဏ္ဍအလိုက်ဆွေးနွေး ကြပြီး ရပ်/ကျေးပါတီက ပြန်လည် တင်ပြ ဆွေးနွေးကြသည်။ အဆိုပါ အစည်းအဝေးပွဲသို့ မန္တလေးတိုင်း ဒေသကြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ကော်မတီဝင် ဦးချစ်ကိုကို၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊မြို့နယ်ပါတီကော်မတီဝင် များ တက်ရောက်ပြီး ရပ်/ကျေး ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်အင်အား ၁၂၆ဦး တက်ရောက်ကြောင်း သိရ သည်။