ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီမှ ဘောလုံးကွင်းအသစ်တည်ဆောက်ရန် အလှူငွေထည့်ဝင်ပေးအပ်

 

ပျဉ်းမနားမြို့နယ် အောင်ဘိသိတ်ကျေးရွာအုပ်စု အောင်ဘိသိတ်ကျေးရွာတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး ပြိုင်ပွဲများပါ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဘောလုံးအားကစားကွင်းအသစ် တည်ဆောက်လျက်ရှိရာ ယင်းဘောလုံးကွင်း တည်ဆောက်ရေးအတွက် အလှူငွေ ထည့်ဝင် လှူ ဒါန်းသည်။

အခမ်းအနားကို ယမန်နေ့ (၈-၁-၂၀၁၉)ရက်နေ့ မနက် ၁၁ နာရီအချိန်က ယင်းရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သီတာထွေး၊ ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်တာဝန်ခံ ဦးအောင်နိုင်စိုး၊ လူငယ်လှုပ်ရှားမှုခေါင်းဆောင် ဦးထက်မင်းအောင်၊ ရပ်ကျေးပါတီဥက္ကဌ နှင့် ကော်မတီဝင်များ၊ ပါတီအမာခံ လူငယ်များ တက်ရောက်ကြပြီး မြို့နယ်ပါတီအနေဖြင့် ထည့်ဝင်လှူဒါန်းသော ငွေ(၁)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Akaris Arthawka