ဘင်ဖီကာအသင်း ကမ်းလှမ်းချက်ကို မော်ရင်ဟို ပယ်ချ

မန်ယူမှ ထွက်ခွာသွား သည့် ပေါ်တူဂီလူမျိုးနည်းပြ မော် ရင်ဟိုကို ပေါ်တူဂီကလပ် ဘင်ဖီကာက ခေါ်ယူရန် ကမ်းလှမ်း သော်လည်း ၎င်းက ပယ်ချခဲ့ ကြောင်း ဥရောပသတင်းဌာနများ က ဖော်ပြသည်။

ဘင်ဖီကာသည် ကြာသပ တေးနေ့က နည်းပြဗီတိုးရီးယားကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ခန့်အပ်ရန် မော်ရင်ဟိုထံ ကမ်းလှမ်းခဲ့သည်။ သို့သော် ပြီးခဲ့သည့်လက မန်ယူမှထွက်ခွာခဲ့သော မော်ရင် ဟိုက မိခင်နိုင်ငံ၌ နည်းပြလုပ်ရန် အခွင့်အလမ်းကို ပယ်ချခဲ့သည်။

မော်ရင်ဟိုသည် ပေါ့ဂ်ဘာ အပါအ၀င် မန်ယူကစားသမား များနှင့် ဆက်ဆံရေးပြဿနာကြုံ ခဲ့သည်ဟု သတင်းများထွက်ပေါ် နေစဉ် ကစားသမားအချို့က နည်းပြသစ်ဆိုးလ်ရှားလက်ထက် တွင် ကစားရပုံကို ကျေနပ်အားရ သည်ဟု ပြောဆိုထားသည်။ 

—Ref: Sky Sports