မြန်မာလိဂ်တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ ဒီဇင်ဘာ ၂၇ ရက်ကျင်းပမည်
၂၀၁၈ မြန်မာလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း လိဂ်မီဒီယာတာ ၀န်ခံဦးရဲမင်းဝင်းက ပြောသည်။
အဆိုပါ ဆုပေးပွဲအခမ်းနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟို တယ်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ ဘောလုံးရာသီ၏ မြန်မာ လိဂ်-၁ နှင့် လိဂ်-၂ အမှတ်ပေးပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲ၊ သက်တမ်းအလိုက်လူငယ် လိဂ်နှင့် အမျိုးသမီးလိဂ်ပြိုင်ပွဲများ မှ ပထမ၊ ဒုတိယ၊ တတိယရသည့်အသင်းများကို ဆုချီးမြှင့်မည်ဖြစ်သည်။
Read more