အင်တာမီလန်ပရိသတ်တစ်ဦး သေဆုံးခဲ့ရလို့ စီးရီးအေပွဲစဉ်(၁၉)ကို ရွှေ့ဆိုင်းဖွယ်ရှိနေ

အင်တာမီလန်နဲ့ နာပိုလီတို့ပွဲမတိုင်ခင်နဲ့ ပွဲချိန်အတွင်း ဆန်စီရိုကွင်းပြင်ပမှာ နှစ်ဖက်ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး အင်တာမီလန်ပရိသတ်တစ်ဦး သေဆုံးခဲ့တာကြောင့် စီးရီးအေပွဲစဉ်(၁၉)ကို ရွှေ့ဆိုင်းဖွယ် ရှိလာပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုမှာ နာပိုလီပရိသတ်(၄)ဦး ဓါးထိုးခံခဲ့ရပြီး အသက်(၄၃)နှစ်အရွယ် ပရိသတ်တစ်ဦး ကတော့ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန်ပရိသတ်တစ်ဦးကလည်း ရန်ပွဲနဲ့ပတ်သက်ရင်း ဗန်ကားနဲ့ တိုက်မိလို့ အသက်ဆုံးရှုံးခဲ့ ရပါတယ်။

Read more

ရွှေကမ္ဘာလုံးဆု ဆန်ခါတင်အဖြစ် ရော်နယ်ဒို မက်ဘီနှင့် ဂရစ်ဇ်မန်း ရွေးချယ်ခံရ

ဒူဘိုင်း – လာမည့်ဇန်နဝါရီ ၃ ရက်တွင် ဒူဘိုင်းမြို့၌ ဆုရသူကို ကြေညာမည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ရွှေကမ္ဘာလုံးဆု ဆန်ခါတင်အဖြစ် ရော်နယ်ဒို၊ မက်ဘီနှင့် ဂရစ်ဇ်မန်းတို့ ရွေးချယ်ခံရသည်။

၂၀၁၈ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအဖြစ် ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်၊ ရီးရဲလ်နည်းပြဟောင်းဇီဒန်း၊ လီဗာပူးနည်းပြ ကလော့ပ်၊ အက်သလက်တီကိုနည်းပြ ဆီမြွန်နီနှင့် ဂျူဗင်တပ်နည်းပြအယ်လီဂရီတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြီးခဲသည့်နွေရာသီက ရုရှားတွင် ကမ္ဘာ့ဖလားဆောင်ကြဉ်းပေးနိုင်ခဲ့သည့် ဒက်စ်ချမ့်က ယင်းဆုရမည်ဟု ရေပန်းစားနေသည်။

Read more

ဘော်လ်ကန်ဒေသရဲ့ တစ်နှစ်တာအကောင်းဆုံးအားကစားသမားဆုကို မိုဒရစ် ရရှိ

၂၀၁၈ ခုနှစ်အတွင်း တစ်ဦးချင်းအကောင်းဆုံးကစားသမားဆုများစွာ ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်ဟာ အခုလည်း ဘော်လ်ကန်ဒေသရဲ့ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုကို ရရှိသွားခဲ့ပြီး ၁၉၉၄ ခုနှစ်က ဘူလ်ဂေးရီးယားကြယ်ပွင့် စတွိုက်ကော့နောက်ပိုင်း အဲဒီဆုကိုရတဲ့ ဒုတိယမြောက် ဘောလုံးသမားဖြစ်လာခဲ့ပါတယ်။

Ballod d’Or ဆုရှင် မိုဒရစ်ဟာ ကလပ်အသင်းရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ရုရှားကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်း ဗိုလ်လုပွဲရောက်ခဲ့ရာမှာလည်း အဓိကကျသူဖြစ်ခဲ့ပါတယ်။

Read more

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း အိုမန်၊ ကာတာ အသင်းတို့နှင့် ခြေစမ်းပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ အိုမန်၊ ကာတာ အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားမယ်လို့ မြန်မာဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းဟာ ဇန်န၀ါရီ အစောပိုင်းမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ဖိတ်ကြားခံရတာလို့ ဆိုပါတ်ယ။

Read more

အင်ဒို Anak Krakatau မီးတောင် သတိပေးချက်တိုးမြင့်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ၄၃၀ ထက်မနည်း သေဆုံးခဲ့တဲ့အထိ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ခဲ့တဲ့ Anak Krakatau မီးတောင်ပေါက်ကွဲမှု အန္တရာယ် သတိပေးချက်ကို အာဏာပိုင်တွေ အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

Read more

အိန္ဒိယမှာ အစ္စလာမ်ဓလေ့ကွာရှင်းပုံ အခြေခံဥပဒေနဲ့မညီကြောင်း အတည်ပြု

အိန္ဒိယနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ချက်ချင်းလက်ငင်း လင်မယားကွာရှင်းတဲ့ဓလေ့ ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုတဲ့ တရားရုံးချုပ်ရဲ့တင်ပြချက်ကို အောက်လွှတ်တော်က မနေ့က သဘောတူ အတည်ပြု လိုက်ပါတယ်။

ဒါ့အပြင် အဲဒီနည်းနဲ့ ကွာရှင်းတဲ့ လင်ယောက်ျားကို ထောင်ဒဏ် ၃ နှစ် ချမှတ်ဖို့လည်း ပါရှိပါတယ်။

Read more

ဟွာဝေး သုံးစွဲမှု ဗြိတိန် ဝန်ကြီး သတိပေး

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Gavin Williamson ဂဲဗင် ဝီးလီယံဆင် က ဗြိတိန်နိုင်ငံရဲ့ 5G မိုဘိုင်း ဆက်သွယ်ရေး စနစ်ထူထောင်ရေးလုပ်ငန်းမှာ တရုတ်နိုင်ငံက Huawei ဟွာဝေး ကုမ္ပဏီ ပါဝင်လုပ် ကိုင်နေတာကို အလွန်အမင်း စိုးရိမ်ကြောင်း  ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

5G စနစ်မှာ ဟွာဝေး ကုမ္ပဏီပါဝင်နေတာကို ကျနော်တို့ သတိထားဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သြစတေးလျနိုင်ငံတွေဟာ သူတို့နိုင်ငံတွေရဲ့လုံခြုံရေးကို အဆင့်အမြင့်ဆုံးထားပြီး ဆောင်ရွက်နေပါတယ်လို့ ဗြိတိန်ဝန်ကြီးက ပြောပါတယ်။

Read more

ဝင်ငွေနည်း မိသားစုများကို ငွေကြေးထောက်ပံ့မှု မလေးရှားအစိုးရ ပြန်လည်စတင်မည်

ဝင်ငွေနည်း မိသားစုများအား ငွေကြေး ထောက်ပံ့သည့် အစီအစဉ်ကို မလေးရှားအစိုးရက လာမည့်လတွင် ပြန်လည် စတင်မည်ဖြစ်ကာ စားဝတ်နေရေးကုန်ကျစရိတ် အကူအညီ (BSH) အစီအစဉ်အရ ဇန်နဝါရီ ၂၈ ရက် တွင် မိသားစု တစ်စုလျှင် မလေးရှားရင်းဂစ် ၃၀၀ (RM 300) စီ ထုတ်ပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ် အန်းက ပြောကြားသည်။

Read more

၂၀၁၈/၂၀၁၉ ဘဏ္ဏာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်လွှတ်တော်ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

၂၇-၁၂-၂၀၁၈ရက်နေ့၊ နံနက် (၁၀) နာရီတွင် ၂၀၁၈/၂၀၁၉ ဘဏ္ဏာရေးနှစ်အတွက်ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကျပ် သိန်း (၁၀၀၀) ပေးအပ်ပွဲအခမ်းအနားကို မိုင်းဖြတ်မြို့နယ်၊မြို့နယ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မိုင်းဖြတ်မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ဥက္ကဌများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ဦးအားကို တို့ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဝင်စိစစ်ခြင်းလုပ်ဆောင်

 

ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကင်းပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ မွန်းလွဲ ၂နာရီမှ စတင်ပြီး (၉)ရပ်ကွက်ရှိ ပိတောက်မြိုင်လမ်း၊ အင်ကြင်းမြိုင်လမ်း၊စိန်ပန်းမြိုင်လမ်း၊ ထင်ရှုးမြိုင်လမ်း၊ သရဖီလမ်းနှင့် အရန်မီးသတ်ဝင်းလိုင်းခန်းများတွင် နေထိုင်ကြသည့် ပြည်ခိုင်ဖြိုးပါတီ ဝင်များ၏ နေအိမ်များသို့သွား ရောက်ပြီးပါတီဝင်များနှင့်တွေ့ဆုံကာ ပါတီဝင်စိစစ်ခြင်းကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

Read more