အင်တာမီလန်ပရိသတ်တစ်ဦး သေဆုံးခဲ့ရလို့ စီးရီးအေပွဲစဉ်(၁၉)ကို ရွှေ့ဆိုင်းဖွယ်ရှိနေ

အင်တာမီလန်နဲ့ နာပိုလီတို့ပွဲမတိုင်ခင်နဲ့ ပွဲချိန်အတွင်း ဆန်စီရိုကွင်းပြင်ပမှာ နှစ်ဖက်ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး အင်တာမီလန်ပရိသတ်တစ်ဦး သေဆုံးခဲ့တာကြောင့် စီးရီးအေပွဲစဉ်(၁၉)ကို ရွှေ့ဆိုင်းဖွယ် ရှိလာပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုမှာ နာပိုလီပရိသတ်(၄)ဦး ဓါးထိုးခံခဲ့ရပြီး အသက်(၄၃)နှစ်အရွယ် ပရိသတ်တစ်ဦး ကတော့ ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန်ပရိသတ်တစ်ဦးကလည်း ရန်ပွဲနဲ့ပတ်သက်ရင်း ဗန်ကားနဲ့ တိုက်မိလို့ အသက်ဆုံးရှုံးခဲ့ ရပါတယ်။

ကားတိုက်ခံခဲ့ရတဲ့ အင်တာမီလန်ပရိသတ်ရဲ့ နာရေးသတင်းကို ကြားသိရချိန်မှာ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) ဥက္ကဌ ဂရာဗီနာက ပွဲစဉ်(၁၉)ကို ရွှေ့ဆိုင်းဖို့ စဉ်းစားနေရပြီလို့ ၀န်ခံခဲ့ပါတယ်။  “ကျွန်တော်တို့ စဉ်းစားစရာတွေ ရှိလာတယ်။ အခုဆိုရင် ကျွန်တော်တို့ တာဝန်ရှိသူတွေ စုရုံးပြီး ပွဲကစား၊ မကစားကို ဆုံးဖြတ်ဖို့ အချိန်ယူဖို့ လိုနေပါပြီ”လို့ ဂရာဗီနာက ပြောပါတယ်။ 

-Ref: Skysports