ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဟင်္သာတခရိုင်နှင့် ခြောက်မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံ
ဟင်္သာတ ဒီဇင်ဘာ ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင် မြင့်နှင့် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ် အလိုက် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများတွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အင်္ဂပူမြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို ပါတီစည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ပါတီဗဟိုကော် မတီဝင်ဒေါက်တာဌေးဝင်း၊ ဧရာဝတီတိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးကျော်ဝင်း နိုင်၊ ဦးအောင်ဝင်းဆွေ၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ခရိုင်ဘဏ္ဍာရေးမှူး၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင်က ပါတီတွင်းစည်းရုံးရေးလုပ်ငန်းများနှင့် ရေး ရာကော်မတီများအလိုက် ဆောင်ရွက်ရ မည့်တာဝန်များ၊ လူငယ်ရေးရာ၊ အမျိုး သမီးရေးရာညီလာခံများကျင်းပနိုင်မှုနှင့် တောင်သူလယ်သမားရေးရာ၊ အလုပ် သမားရေးရာညီလာခံ ဆက်လက်ဆောင် ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပါတီစည်းကမ်းထိန်းသိမ်း ရေးကော်မတီမှဗဟိုကော်မတီဝင်ဒေါက်တာ ဌေးဝင်းက ပါတီဝင်များစည်းလုံးညီညွတ် ရေးသည် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အရေးကြီးကြောင်း၊ ပြည်သူ အတွက်လိုအပ်သောအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စည်းရုံးရေးအဆက် မပြတ်ဆောင်ရွက်ကြရန် ဆွေးနွေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များက မြို့နယ်အလိုက်ကြီး ကြပ်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ခရိုင် ပါတီဥက္ကဋ္ဌက ဗဟိုနှင့်တိုင်းဒေသကြီး ပါတီတို့၏ ချမှတ်ထားသည့်လုပ်ငန်းစဉ် များကိုရှင်းလင်းပြီး အင်္ဂပူမြို့နယ်သို့ အလှူ ငွေများပေးအပ်သည်။
ထို့နောက်တက်ရောက်လာကြသည့် မြို့နယ် ခြောက်မြို့နယ်မှဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က မြို့နယ် အလိုက်ဆောင်ရွက်ချက်များကိုတင်ပြဆွေး နွေးကြရာ ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း ဒေသကြီးပါတီကော်မတီဝင်များက ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ဆေးကုသမှုခံယူနေသည့် ဟင်္သာတခရိုင် ပါတီအတွင်းရေးမှူး ဦးချစ် ဝင်းနေအိမ်သို့သွားရောက်ပြီး ဆေးဝါး ကုသမှုအလှူငွေနှင့် စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြောင်းသိရသည်။