လူမျိုးရေးခွဲခြားမှုကို ထုတ်ဖော် ပြောကြားသော စတာလင်ကို ဆောက်သ်ဂိတ် ချီးကျူး

ဘောလုံးလာကမှ လူ မျိုးရေးခွဲခြားမှု ကိစ္စကိုထုတ်ပြောသော စတာလင်သည် လေးစားစရာ သတ္တိရှိမှုကို ပြသခဲ့ သည်ဟု အင်္ဂလန်အသင်းမန်နေဂျာဂါရတ် ဆောက်သ်ဂိတ်ကပြောသည်။

ယခုလ စောစောပိုင်းက စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ မန်စီးတီးက ချယ်လ်ဆီးကို ရှုံးနိမ့်သော ပွဲစဉ်တွင် စတာလင်သည် လူမျိုးရေး ခွဲခြား စော်ကားခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယင်းအဖြစ်အပျက်ပြီး နောက် ချယ်လ်ဆီးအသင်းက စုံ စမ်းစစ်ဆေးရန် ပရိသတ်လေးဦး ကို ဆိုင်းငံ့ခဲ့သည်။

ယင်းနောက် အင်္ဂလန်တိုက်စစ်မှူး စတာလင်က လူမည်းလူ ငယ်ဘောလုံးသမားများ အကြောင်း မီဒီယာများ၏ ရေးသားဖော်ပြပုံကို အင်စတာဂရမ်မှ ထောက်ပြပြောဆိုပြီး မီဒီယာများ၏ ဖော်ပြပုံက လူမျိုးရေးခွဲခြားမှု နှင့် ပတ်သက်၍ ရန်လိုသော အပြုအမူကို အားပေးနေသည်ဟု ခံစားရကြောင်း ပြောကြားသည်။

အင်္ဂလန် လက်ရွေးစင်အသင်းနည်းပြ ဆောက်သ်ဂိတ်က စတာလင်က ရပ်တည်ချက်တစ်ခု တင်ပြပြီး ယင်းကိစ္စကို လူထုသတိပြုမိအောင် လုပ်ဆောင်ခြင်းအတွက် စတာလင်အား ချီးကျူး သင့်သည်ဟု ပြောကြားသည်။

‘‘သူလုပ်ခဲ့တာကို တကယ်ပဲ ထောက်ခံအားပေးပါတယ်။ ဒီလို ထုတ်ဖော်ပြောဆိုပြီး လူတွေ သတိထားမိ လောက်အောင် သတ္တိရှိခဲ့တဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူသင့်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ဒီလိုလုပ်ဖို့ မလွယ်ပါဘူး’’ဟု ဆောက်သ်ဂိတ်က ပြောသည်။

လူမျိုးရေးခွဲခြားမှုများမဖြစ် စေရန် မိမိတို့ဘောလုံးလောက အတူတကွ ရပ်တည်ရမည်ဟု ဆောက်သ်ဂိတ်က ဆက်လက် ပြောသည်။           

—Ref: FFT