မဟာအောင်မြေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗောဓိမဏ္ဍိုင်ပရိယတ္တိသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးများအား ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

မန္တလေး ဒီဇင်ဘာ ၂၆

မဟာအောင်မြေမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် အမျိုးသမီးလှုပ်ရှားမှု အဖြစ်ဗောဓိမဏ္ဍိုင်ပရိယတ္တိသီလရှင် စာသင်တိုက်မှ သီလရှင်ဆရာလေး များအားဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်း များကို ယမန်နေ့ မွန်းလွဲ ၁နာရီက အဆိုပါစာသင်တိုက်တွင်ဆက်ကပ် လှူဒါန်းခဲ့သည်။

မဟာအောင်မြေမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ကော်မတီဝင် ဒေါ်ရီ ရီမြင့်(အမျိုးသမီးကဏ္ဍတာဝန်ခံ)၊ မဟာမြိုင်(၂)ရပ်ကွက် ပါတီဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဦးနှင့် ရပ်/ကျေး ပါတီဝင် အမျိုးသမီးများသည် ဗောဓိမဏ္ဍိုင် ပရိယတ္တိသီလရှင် စာသင်တိုက်တွင် ကျင်းပသော (သတ္တမ) အကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပရာသို့ (အမျိုးသမီးကဏ္ဍလှုပ်ရှားမှု)အဖြစ် ကျောင်းတိုက်အတွင်း သီတင်းသုံး နေထိုင်တော်မူသော သီလရှင် ဆရာလေး၄၉ပါးအားတစ်ပါးလျှင် ဝတ္ထုငွေကျပ် ၁ဝဝဝ၊ ဆပ်ပြာ မှုန့်ထုပ်များ၊ ဆပ်ပြာအမွှေးခဲများ အကြမ်းခဲများ၊ အချိုရည်ဘူးများ လောင်းလှူခဲ့ကြသည်။

ထို့နောက် ကျောင်းထိုင်သီလ ရှင်ဆရာကြီး ဒေါ်သိင်္ဂီမာလာအား ဝတ္ထုငွေကျပ်၅ဝဝဝဝနှင့် ဆန်နှစ် အိတ်၊ အခြားသီလရှင် ဆရာကြီး ခြောက်ပါးအား တစ်ပါးလျှင်ဝတ္ထု ငွေကျပ်၁၅ဝဝဝနှုန်းတို့ဖြင့်လှူဒါန်း ခဲ့ကြသည်။

သုတ(မန္တလေး)