မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းဒေသကြီးအတွင်းရှိ ကိုယ်စားလှယ်များ မိတ်ဆုံညစာစားပွဲကျင်းပ

 

မန္တလေး ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် ကျင်းပပြီးစီးခဲ့ သော ရွေးကောက်ပွဲအသီးသီးတွင် ပါတီကိုယ်စားပြု အရွေးချယ်ခံ ခဲ့သည့် ကိုယ်စားလှယ်များ၏ အမှတ်တရမိတ်ဆုံညစာစားပွဲကို ယမန်နေ့ ညနေ ၅ နာရီက တိုင်း ဒေသကြီးပါတီရုံးခန်းမဆောင်တွင် ကျင်းပခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်တက်ရောက်ခဲ့သည်။

မိတ်ဆုံညစာစားပွဲတွင် ပြည် ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲ မြင့်က နှုတ်ခွန်းဆက်စကားပြော ကြားပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်က ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ညစာစားပွဲသို့ တက်ရောက်လာ သော ကိုယ်စားလှယ်တော်ကြီးများ ကိုယ်စား မန္တလေးခရိုင်ကိုယ်စား ပြု၍ ဒေါက်တာကျော်လှမှလည်း ကောင်း၊ပြင်ဦးလွင်ခရိုင်ကိုယ်စားပြု ဦးလှမြင့်မှလည်းကောင်း၊ ကျောက် ဆည်ခရိုင်ကိုယ်စားပြု ဦးကြည်ပြုံး မှလည်းကောင်း၊ မိတ္ထီလာခရိုင် ကိုယ်စားပြု ဦးအောင်ကျော်မိုးမှ လည်းကောင်း၊ မြင်းခြံခရိုင်ကိုယ် စားပြု ဒေါက်တာမြဦးမှလည်း ကောင်း၊ ညောင်ဦးခရိုင်ကိုယ်စား ပြု ဦးအောင်ဝင်းကြည်မှလည်း ကောင်းနှင့် ရမည်းသင်းခရိုင်ကိုယ် စားပြု ဦးကျော်မြင့်မှလည်းကောင်း သတိတရစကားများအသီးသီးပြော ကြားခဲ့သည်။
ထို့နောက် မိတ်ဆုံညစာစားပွဲ အား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍တေးသီချင်းများ သီဆိုပြီး ညစာစားပွဲအောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ညစာစားပွဲသို့ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊ (၂ဝ၁ဝ၊ ၂ဝ၁၂၊ ၂ဝ၁၅၊ ၂ဝ၁၈)စသည့်ခုနှစ်များတွင် ပါတီ အားကိုယ်စားပြု၍ လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသောကိုယ်စားလှယ်များအပါ အဝင်စုစုပေါင်းအင်အား ၆ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)