ဒေါ်နယ်ထရမ့် က အမေရိကန် သည် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့ အား တိုက်ခိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြား

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၀ ရက်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ အား တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက် တွင် ပြောကြား ခဲ့သည်။
ဒေါ်နယ်ထရမ့် က IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်ခြင်း သည် လက်ရှိ အမေရိကန် အစိုးရ ၏ ဆီးရီးယား နိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ ထားရှိရသည့် တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်ကြောင်း ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မည်သည့် အချိန် တွင် ဆီးရီးယား နိုင်ငံ မှ အမေရိကန် တပ်ဖွဲ့အား ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

အမေရိကန် သတင်းမီဒီယာ များ က IS အစွန်းရောက် အဖွဲ့အစည်း အပေါ် ဆောင်ရွက်သည့် စစ်ဆင်ရေး မှာ အဓိက အားဖြင့် အောင်မြင်မှုများ ရရှိထားပြီးဖြစ်ကာ ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ပြန်လည် ခေါ်ယူရန် သုံးသပ်နေပြီဖြစ်ကြောင်း ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး နှင့် နိုင်ငံအများမှ လုံးခြုံရေး ဆိုင်ရာ အရာရှိများ က ဒေါ်နယ်ထရမ့် အား အမေရိကန် တပ်ဖွဲ့ ကို ပြန်လည် ရုပ်သိမ်းဖြင်း မပြုရန် ပြောကြားခဲ့သော်လည်း ဒေါ်နယ်ထရမ့် အနေဖြင့် အမေရိကန် တပ်ဖွဲ့ အားလုံးအား ပြန်လည် ခေါ်ယူသွားဖွယ်ရှိကြောင်း ရေးသား ဖေါ်ပြ ခဲ့ကြသည်။

(Xinhua)