ဥရောပသမဂ္ဂ၏ ဆွယ်သွယ်ရေးကွန်ရက်ကို ဟက်ကာများပစ်မှတ်ထားတိုက်ခိုက်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြားတွင် အပြန်အလှန်ဆက်သွယ်မှုများ ပြုလုပ်ရန် တည်ဆောက်ထားသည့် ဆက်သွယ်ရေးကွန်ရက်ကို ဟက်ကာများက ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်ခြင်းများကို မကြာခဏ ကြုံတွေ့ခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြသည်။

ဥရောပသမဂ္ဂ၏ ဆက်သွယ်ရေးကွန်ရက်ကို အဖွဲ့ဝင်နိုင်ငံများကြား သိုမဟုတ် အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံ များကြားတွင် အရေးကြီးသည့်အကြောင်းအရာများ ဆက်သွယ်ပြောဆိုရန် သို့မဟုတ် အရေးကြီးသည့်သတင်း အချက်အလက်များ ပေးပို့ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့်လပိုင်းများအတွင်း၌ အမေရိကန်အစိုးရက ကမ္ဘာ့ကုန်သွယ်ရေး ကဏ္ဍနှင့်ဆိုင်သော သတင်းအချက်အလက်များကို ဥရောပသမဂ္ဂ၏ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ပေးပို့ရာတွင် ဖောက်ထွင်းမှုများ ကြုံတွေ့ခဲ့ကြောင်း သိရသည်။

-Ref: NY Times