အမြင့်ဆုံးဆုကြေး ဒေါ်လာ ၃၀၀၀ အထိ ရရှိနိုင်မည့် PUBG MOBILE GAME ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဆုကြေး ဒေါ်လာ ၃၀၀၀ အထိ ရရှိနိုင်မည့် PUBG MOBILE GAME ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို Game Caste Network Myanmar နှင့် Huawei တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ နိုင်ငံအနှံ့ရှိ ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ပြီး လူရွေးပွဲအဆင့်ဆင့်ပြုလုပ်ကာ နိုင်ငံတကာစံချိန်မီကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲကို ရန်ကုန်နဲ့ ရန်ကုန်က မဟုတ်တဲ့သူတွေအတွက် Qualifier ပြုလုပ်ပြီး အဆင့်ဆင့်ရွေးချယ်မှာပါ။ ရန်ကုန်ကလူတွေကတော့ ကျွန်တော်တို့ ပြိုင်ပွဲကျင်းပတဲ့နေရာမှာ လာပြိုင်ရမှာပါ။ နယ်ကလူတွေကတော့ Online ကနေပဲ ပြိုင်ရပါမယ်။ ဒီပြိုင်ပွဲက နိုင်ငံတကာမှာလုပ်နေသလိုမျိုးပဲ လုပ်မှာဖြစ်တဲ့အတွက် ၀င်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကို Professional စိတ်အပြည့်ထားပြီး ပြိုင်ပွဲဝင်စေမှာပါ။ နောက်ပြီး ပြိုင်ပွဲမှာ ပထမရတဲ့သူကို ဆုရပြီးရောဆိုပြီး လုပ်မှာမဟုတ်ဘဲနဲ့ သူတို့ကို Ranking အဆင့်သတ်မှတ်ချက်ကိုပါ နိုင်ငံတကာမျာ ၀င်သွားအောင်လုပ်ပေးမယ့်ပြိုင်ပွဲပါ ဟု Game Caste Network Myanmar ၏ Senior Admin ကိုစိုးမိုးအေး က ပြောသည်။

ပြိုင်ပွဲပထမအဆင့်လူရွေးပွဲကို လာမည့် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး လူရွေးပွဲကို လေးတစ်သင်း (၂၅)သင်း၊ ကစားသမား ၄၀၀ ပါဝင်ယှပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် အသင်း ၁၆ သင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကြီးကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုကြေးအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၀၀၀) ချီးမြှင့်မည်ဖြစ်ပြီး ပထမရသော အသင်းကို ဒေါ်လာ (၃၀၀၀)၊ ဒုတိယကို (၂၀၀၀)၊ တတိယကို(၁၀၀၀) အစရှိသဖြင့် ချီးမြင့်သွားမည်ဖြစ်သည်။

Source: Akonthi