ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ရွှေပန်းတောအခြေစိုက်ကျေးရွာ စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတက်ရောက်
အောင်လံ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွှေပန်းတောအခြေစိုက် ရွှေပန်းတောကျေးရွာ အရှေ့ကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ စုပေါင်းပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌက အခမ်းအနားကျင်းပ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်သစ်များကိုယ်စား ပါတီဝင်သစ် တစ်ဦးက ပါတီဝင်အဆိုပြုလွှာ ၉၂၉ စောင် အား ပေးအပ်ခြင်း၊ ပါတီဝင်သစ်များထဲမှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဗဟို အတွင်းရေးမှူးဦးတင်အောင်ချစ်က ပါတီဝင် သစ်များအား ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခြင်း၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တိုင်းဒေသကြီးကော်မတီ ဝင် ဦးဟန်မောင်က ပါတီဝင်များ စည်းလုံး ညီညွတ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေး နွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ယင်း နောက် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကျေးရွာများကို ဂုဏ်ပြု ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်း ရေးမှူးဦးတင်အောင်ချစ်၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေး၊တိုင်း ဒေသကြီးပါတီကော်မတီဝင် ဦးဟန်မောင်၊ တိုင်းပါတီကော်မတီဝင် ဦးအောင်နိုင်၊ မြို့ နယ်ပါတီ ဥက္ကဋ္ဌဦးစန်းလွင်၊ အတွင်းရေးမှူး ဦးခင်ဆွေနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရွှေပန်းတောအခြေစိုက်အတွင်းရှိ ကျေးရွာ များမှ ကျေးရွာမိဘပြည်သူများ၊ ပြည်ခိုင် ဖြိုးပါတီဝင်များ အင်အား၇၅ဝတက်ရောက် ကြပြီး အခမ်းအနားကို ညနေ ၄နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။