ကိုယ်ပိုင်အတွင်းခံဘောင်းဘီ ကြော်ငြာအတွက် ရိုက်ထားတဲ့ ခပ်ဟော့ဟော့ဗီဒီယိုကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တဲ့ ရော်နယ်ဒို

ဂျုဗင်​တက်​စ်​အသင်းတိုက်​စစ်​မှူး ​ရော်​နယ်​ဒိုဟာ သူ့ရဲ့ ကိုယ်​ပိုင်​ Brand ဖြစ်​တဲ့ CR7 အတွင်းခံ​ဘောင်းဘီကို ​ကြော်ငြာဖို့အတွက်​ ကိုယ်​တိုင်​​မော်​ဒယ်​လုပ်​ကာ ​ကြော်​ငြာရိုက်​ကူးခဲ့ပါတယ်​။

အဲ့ဒီကြော်ငြာထဲမှာ ​ရော်​နယ်​ဒိုဟာ ခန္ဓာကိုယ်​တစ်​ခုလုံးမှာ CR7 အတွင်းခံ​ဘောင်းဘီကိုသာ ၀တ်​ဆင်​ထားပြီး​ဘောလုံး ​သေး​သေး​လေး​တွေ အပြည့်​ထည့်​ထားတဲ့ ​ရေကန်​ပုံစံ​နေရာ​လေး ထဲသို့ ၀င်​​ကာ ပို့စ်​အမျိုးမျိုး​ပေးကာ ရိုက်​ကူးခံခဲ့တာကို ​တွေ့ရပါတယ်​။ ​​ယောက်ျားပီသတဲ့ ရုပ်​ရည်​ ၊ ​တောင့်​တင်း​ပြေပြစ်​တဲ့ ခန္ဓာကိုယ်​အချိုးအစား​တွေ​ကြောင့်​ ​ကြော်​ငြာဗီဒီယိုထဲက သူ့ရဲ့ပုံ​တွေဟာ ​ပေါ်လွင်​​နေခဲ့ပြီး အင်စတာဂရမ်​​ပေါ်တင်​ပြီး မိနစ်​ပိုင်းအကြာမှာပင်​ ၀င်​​ရောက်​ကြည့်​ရှု့သူ နှစ်​သန်း​ကျော်​ခဲ့ပါတယ်။

ရော်​နယ်​ဒို ဟာ ကစားသမားဘ၀မှ အနားမယူခင်​မှာပင်​ အနာဂတ်​မှာလုပ်​ကိုင်​မယ့်​ စီးပွား​ရေးလုပ်​ငန်း​တွေကို အခုထဲက စတင်​လုပ်​ကိုင်​​နေခဲ့တာဖြစ်​ပါတယ်​။ CR7 အတွင်းခံ​ဘောင်းဘီအပြင်​ CR7 အင်္ကျီ ၊ CR7 ဂျင်း​ဘောင်းဘီတို့ကိုလည်း ထုတ်​လုပ်​​ရောင်းချ​လျက်​ ရှိ​နေပါတယ်​။

ဒါ့အပြင်​ ​ရော်​နယ်​ဒို ဟာ ​ပေါ်တူဂီနိုင်​ငံက ​လစ္စဘွန်းမြို့နဲ့ ဖန်​ချယ်​လ်​ မြို့တို့မှာ Pestana CR7 နာမည်​နဲ့ ဟိုတယ်​​တွေကို ဖွင်​လှစ်​ထားပြီး မကြာမီမှာ​တော့ ပဲရစ်​မြို့ ၊ နယူး​ရောက်​မြို့နဲ့ မက်​ဒရစ်​မြို့များမှာ ထပ်​မံဖွင့်​လှစ်​သွားဖို့ ရှိနေကာ အနာဂတ်​မှာ​တော့ သူ့ရဲ့ ဟိုတယ်​​တွေကို ကမ္ဘာအနှံ့ဖွင့်​လှစ်​သွားဖို့ အစီအစဉ်​​တွေ​ရေးဆွဲထားတယ်လို့ သိရပါတယ်။

90Minutes