ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ကျောက်တန်းမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ


ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ပါတီဗဟိုအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်း ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ကျောက်တန်းမြို့နယ်ပါတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်ကော်မတီ ဝင်များတက်ရောက်ကြသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကား ပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီသည် အဘက်ဘက်က ခိုင်ခိုင်မာမာဖွဲ့စည်းတည်ဆောက်ထားသည့် ပါတီ ဖြစ်ကြောင်း၊ ယနေ့ တွေ့ဆုံရသည့် ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏အားသည် ပြည်ခိုင်ဖြိုးပါတီ၏ အားဖြစ်ကြောင်း၊ သို့ဖြစ်၍ ရပ်ကျေးပါတီကော်မတီဝင်များသည် အားသွန်ခွန်စိုက် ဆောင်ရွက်ကြစေချင်ကြောင်း၊ ထို့ကြောင့်ရပ်ကျေးပါတီဝင်များသည် ပြည်သူများနှင့်ရော ပါတီဝင်များနှင့်ပါ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံ နေကြရန် လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်၍ ပါတီဗဟိုကော်မတီဝင် ဦးအုန်းမြင့်က အမှာစကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီဝင်များသည် စည်းစနစ်ကျ၍ တရားဥပဒေကို လိုက်နာကျင့်သုံးကြသူများဖြစ်ကြောင်း၊ ပါတီအောင်နိုင်ရေးအတွက် ပိုမိုကြိုးစား ဆောင် ရွက်ကြစေချင်ကြောင်း၊ ပါတီတွင် အရည်အချင်းအရည်အသွေးပြည့်ဝသူများကို စည်းရုံးနိုင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြည်သူများ သိရှိကြဖို့လိုကြောင်း မှာကြားသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီက ရှေ့လုပ်ငန်းစဉ်များ မှာကြားရာတွင် ပါတီ၏ရည် မှန်းချက်သည် နိုင်ငံ့တာဝန်ထမ်းဆောင်၍ ပြည်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်း ပေးရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲဝင်၍အနိုင် ရရန်လိုကြောင်း၊ ပါတီအနိုင်ရရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များစွာရှိကြောင်း၊ ပါတီဝင်များ ညီညွတ်မှုသည် အရေးကြီးကြောင်း၊ မိမိတို့ မြို့နယ်နှင့်ဆက်စပ် ပတ်သက်သည့် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် တင်ပြကြစေချင်ကြောင်း၊ ယနေ့ခေတ်နိုင်ငံရေး အခြေအနေသည် များစွာပြောင်းလဲလာပြီဖြစ်ကြောင်း၊ ပြောင်းလဲလာသည့်အခြေ အနေများနှင့်အညီ အောင်မြင် အောင် ဆောင်ရွက်နိုင်ကြရန် မှာကြားခဲ့ပြီး ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က အမျိုးသမီးရေးရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)