အမ္ဘတ္ပီ ရေပန်းစားခဲ့ပေမယ့် ၂၀၁၈ Golden Boy ဆုကို အေဂျက်ဇ်က ဒီလိုက်ရရှိခဲ့

၂၀၁၈ အတွက် Golden Boy ဆုကို အေဂျက်ဇ်အသင်း ဗဟိုနောက်ခံလူ မက်သီးယက်စ်ဒီလိုက် က ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆုကို ပြီးခဲ့တဲ့ ၂၀၁၇ က အမ်ဘတ်ပီ ရရှိခဲ့ပြီး ဒီနှစ်မှာလည်း သူဘဲရလိမ့်မယ်လို့ ရေပန်းစားခဲ့သေးပေမယ့် ဒီလိုက်က ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဟာ ၂၀၁၈ အတွက်ထိပ်ဆုံး ၅ ဦးထဲမှာတောင်ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒီဆုကို အီတလီသတင်းစာဖြစ်တဲ့ Tuttosport ကပေးအပ်တာဖြစ်ပြီး ၂၀၁၃ ကတည်းက ချီးမြှင့်လာရာမှာ မက်ဆီ၊ အဂူရို ၊၀ိန်းရူနီ၊ ပေါ့ဂ်ဘာ ၊ ဖာဘရီဂတ်စ် အစရှိတဲ့သူတွေလည်းရရှိခဲ့ဘူးပါတယ်။

ဒီနှစ်အတွက် ဆုရသူဟာ ဒီလိုက်ဖြစ်ပြီး ဒုတိယနေရာမှာ လီဗာပူးနောက်ခံလူ အလက်ဇန္ဒားအာနိုးလ် ရပ်တည်ခဲ့တာကြောင့် ဆုသက်တမ်း ၁၅ နှစ်အတွင်းမှာ နောက်ခံလူနှစ်ဦးထိပ်ဆုံးမှာရှိခဲ့တာ ပထမဆုံး အကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီဆုအတွက် ကလောင်ရှင်တွေကမဲပေးရာမှာ ဒီလိုက်က ၂၂၄ မဲရပြီး အာနိုးလ်က ၁၄၉ မဲသာရခဲ့ပါတယ်။

ဒီဆုဟာ တစ်နှစ်အတွင်း ဥရောပမှာ ကစားခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေထဲကနေ ရွေးချယ်တာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး ဆုရခဲ့လို့ အရင်ကစားသမားကောင်းတွေနဲ့ အတူဆုရှိမှု၊ နောက်ခံလူတစ်ဦးထဲက ပထမဆုံး ဆုရမှုတွေကြောင့် အရမ်းကိုကျေနပ်မိတယ်လို့ ဒီလိုက်ကပြောပါတယ်။

ဒီလိုက်ဟာ အေဂျက်ဇ်အသင်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တက်ခဲ့ရာမှာ အဓိက ကျသူဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း ခြေစွမ်းပြနေမှုကြောင့် သူ့ကို ဂျူဗင်တပ်၊ ဘာစီလိုနာ၊ မန်စီးတီးအစရှိတဲ့ အသင်းတွေက ခေါ်ယူလိုနေကြပါတယ်။ ထိပ်ဆုံး ၅ ဦးမှာ ဒီလိုက်နဲ့ အာနိုးလ်ပြီးရင် ရီးရဲလ်က ဗီနီစီးယက်စ်၊ ရိုးမားက ကလွိုက်ဗက်စ် နဲ့ အေစီမီလန်က ကူထရိုနီတို့ ရပ်တည်နေကြပါတယ်။

90Minutes