ဟောင်ကောင်တွင် ငွေမိုးရွာသဖြင့် ဒေသခံများ အလုအယက်ကောက်ယူ

ဒီဇင်ဘာ ၁၅ ရက်က ဟောင်ကောင်ဒေသရှိ ရှမ်ရှူယီပိုခရိုင်တွင် ငွေစက္ကူများ ရွာသွန်းခဲ့ရာ ဒေသခံများက အလုအယက် ကောက်ယူခဲ့သည်။

အဆောက်အအုံ တစ်လုံး ပေါ်မှ ရာနှင့်ချီသော ငွေစက္ကူများ ကြဲခဲ့ရာ ပျော်ရွှင်နေသော လူအုပ်ကြီးက ယင်းငွေများကောက်ရန် အလုအယက်ပြေးလွှားနေ သော ဗီဒီယိုဖိုင်များ အွန်လိုင်း ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

 ယင်းမှာ ဖုခ်ဝါလမ်းတစ် လျှောက် ဖြစ်ပွားခဲ့ပြီး ဟောင် ကောင်ဒေါ်လာ ၁၀၀ တန်များ ကိုင်ဆောင်ထားသည့် လူများ၏ ဓာတ်ပုံများကို ပြသခဲ့သည်။

Epoch Cryptocurrency ဖေ့စ်ဘွတ်ခ်ပေ့ခ်ျရှိ ဗီဒီယိုဖိုင်တစ်  ခုတွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးက အရေးပါ သော အဖြစ်အပျက်တစ်ခု မကြာ မီဖြစ်တော့မည်ဟု ပြောကြားခဲ့ ကြောင်း တွေ့ရသည်။

‘‘ငွေဆိုတာ မိုးပေါ်က ကျလာနိုင်တယ်လို့ ဒီမှာရှိတဲ့သူတိုင်း ယုံ ကြလား’’ဟု ၎င်းက မေးမြန်းခဲ့ပြီး နောက် ကင်မရာကို အဆောက် အအုံတစ်ခုဆီသို့ လှည့်ပြခဲ့ရာ ငွေ များ စတင်ကျဆင်းလာကြောင်း တွေ့ခဲ့ရသည်။

 ယင်းအမျိုးသားသည် Epoch Cryptocurrency ပေ့ခ်ျ ပိုင်ရှင်ဖြစ်နိုင်ကြောင်း တောင် တရုတ်နံနက်ခင်း သတင်းစာက ဖော်ပြသည်။

၎င်းသည် အွန်လိုင်းပေါ်တွင် ကွိုင်ယန်းမာစတာဟု လူသိများ သော်လည်း အမည်အစစ်အမှန် မှာ ဝန်ချင်ကစ် ဖြစ်သည်ဟု ဆို သည်။

ယခု စတန့်ထွင်မှုနောက် ကွယ်မှ လူကို ရှာဖွေဖော်ထုတ်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေသည်။

—Ref: CNA