အီရတ်တွင် IS အဖွဲ့၏ လှုပ်ရှားမှုများ ပြန်လည်ပေါ်ထွက်လာဟု သတိပေး

အီရတ်နိုင်ငံအတွင်း၌ IS အဖွဲ့၏ လှုပ်ရှားမှုများ ပြန်လည်ပေါ်ထွက်လာသည်ဟု နိုင်ငံတကာလုံခြုံရေး အဖွဲ့အစည်းအချို့က သတိပေးခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ ထိန်းချုပ်နယ်မြေများကို လက်လွှတ်ခဲ့ရပြီးဖြစ်သော်လည်း ကျန်ရှိနေသည့် အဖွဲ့ဝင်များသည် ပြောက်ကျားအသွင်ဖြင့် လှုပ်ရှားမှုများ ဆက်လက်ြ ပုလုပ်လျက် ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း၌ အီရတ်နိုင်ငံအတွင်း ရှိ ကျေးလက်ဒေသများတွင် IS အဖွဲ့ဝင်များသည် စိုက်ခင်းများအား ဖျက်ဆီးခြင်း၊ ရေနံပိုက်လိုင်းများအား ဖောက်ကာ ရေနံများရယူခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်း များအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

အီရတ်အစိုးရသည် IS အဖွဲ့အား အပြီးသတ်နှိမ်နင်းမှု ပြုလုပ်ပြီးနောက်တါင် ကျေးလက်ဒေသများ၌ ပြန်လည်ထူထောင်ရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရေးကို အလေးပေး၍ ဆောင်ရွက်ခဲ့ သည်။

အီရတ်အစိုးရ၏ မူဝါဒအား အနှောင့်အယှက်ပေးရန် ရည်ရွယ်ကာ IS အဖွဲ့သည် ကျေးလက်ဒေသများ၌ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လျှပ်စစ်ဓာတ်အားလိုင်းများအား ဖျက်ဆီးခြင်းကဲ့သို့ လုပ်ဆောင်ချက် များကို ဆောင်ရွက်ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။

_Ref: AP