အောင်လအန်ဆန်၏ လက်ဝှေ့အိတ်သုံးခု လေလံတင်ရောင်းချပြီး ကလေးများကို လှူဒါန်းမည်
MMA (One Champio-nship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက် ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် နှစ်ခုပိုင်ရှင် အောင်လအန်ဆန် ထိုးသတ်ဖူးသည့် လက်ဝှေ့အိတ် သုံးခု လေလံတင်ရောင်းချပြီး ပညာသင်ကြားရေး အခက်အခဲဖြစ်သည့် ကလေးများကို လှူဒါန်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဒေါ်မေ မြတ်နိုးက ပြောသည်။
အဆိုပါ လေလံတင်ရောင်းချမှုကို ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ အင်းလျားလမ်းရှိ Infinity Fitness Center တွင် ပြုလုပ်မည်ဖြစ်သည်။
‘‘အောင်လထိုးဖူးခဲ့တဲ့ လက်ဝှေ့အိတ်သုံးခုကို လေလံတင် ရောင်းဖို့ရှိပါတယ်။ လေလံပွဲကို လာဖို့ ကြိုတင် စာရင်းပေးလို့လည်း ရနေပါပြီ။ ကြမ်းခင်းဈေး ကိုတော့ အဲဒီနေ့မှပဲ ကြေညာမှာ ပါ။ ဒါ့အပြင် အောင်လကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အမှတ်တရ တီရှပ်လေးတွေလည်း ရောင်းဖို့ စီစဉ်ထားပါတယ်။ ဒီလေလံက ရတဲ့ ငွေကြေး အားလုံးကို ပညာရေးအတွက် အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို လှူဒါန်းပေးသွား မှာပါ’’ဟု ဒေါ်မေမြတ်နိုးက ပြော သည်။
ထို့အပြင် အောင်လအန်ဆန် သည် ယင်းနေ့တွင် Infinity Fit-ness Center ၌ MMA (ကိုယ်ခံပညာသိုင်းပေါင်းစုံ) တစ်ရက်သင် တန်းသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးအဖြစ် Infinity Fitness Center အဖွဲ့ဝင်များ ကန်ဒေါ်လာ ၅၀ ၊ အပြင်လူများကို ၇၅ ဒေါ်လာ သတ်မှတ်ထားပြီး သင်တန်းမှ ရရှိသည့် ငွေကြေး အားလုံးကို လည်း အခက်အခဲဖြစ်နေသည့် ကလေးများကို လှူဒါန်းမည်ဖြစ်ကြောင်း အောင်လအန်ဆန်က ရေးသားထားသည်။
အောင်လအန်ဆန်သည် ၎င်း နေထိုင်ရာ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်၌ Crazy 88 Mixed Martial Arts အမည်ဖြင့် MMA သင်တန်း ဖွင့်လှစ်ထားသည်။
7Days