ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို စတာလင်း ဆွတ်ခူး
မန်စီးတီးတိုက်စစ်ကစားသမား စတာလင်းဟာ နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။
အသက်(၂၄)နှစ်အရွယ် ကစားသမားဟာ နိုဝင်ဘာလကစားခဲ့တဲ့လိဂ် ပွဲတွေမှာ အသင်းအတွက် (၃)ဂိုး သွင်းနိုင်ခဲ့သလို (၃)ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။
စတာလင်းအနေနဲ့ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်ရရှိခဲ့တာပါ။
ပြီးခဲ့တဲ့စနေနေ့က ချဲလ်ဆီးကိုရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူမျိုးရေးခွဲခြားဆဲဆိုခံခဲ့ရပြီး ရက်အနည်းငယ် အကြာမှာ ဒီဆုကို ရရှိခဲ့တာပါ။
အသင်းဖော်တွေဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗား၊ ဆာနေးတို့အပြင် ရော်ဘတ်ဆန်၊ ဒစ်ဂ်နီ၊ အန်ဒါဆန်နဲ့ ဆစ်ဆိုခိုတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို စတာလင်းရရှိခဲ့တာလည်းဖြစ်ပါတယ်။
90Minutes