ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ပထမနေ့တွင် ပါတီအထွေထွေအတွင်း ရေးမှူးမှ တက်ရောက်နှုတ်ခွန်းဆက်စကားပြောကြား

အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးက ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အမျိုးသမီးကိုယ် စားလှယ်များအား မိတ်ဆက်ပေးခဲ့ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ အမျိုးသမီး ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်က အမျိုးသမီးညီလာခံ (၂ဝ၁၈) လုပ်ငန်း ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အမျိုးသမီးညီလာခံ (၂ဝ၁၈) ပထမနေ့ ပထမပိုင်းအစီအစဉ်များ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးကိုယ်စားလှယ်များက ဒုတိယပိုင်းအစုအဖွဲ့လိုက် ဆွေးနွေးမှုများကို သတ်မှတ်နေရာလေးနေရာ၌ ကျင်းပခဲ့သည်။

အစုအဖွဲ့လေးဖွဲ့မှာ အစုအဖွဲ့ (၁) တွင် သဘာပတိအဖြစ် ဒေါ်ရှီဇော်လွမ်းလန်း (ကချင်ပြည်နယ်)၊ အဖွဲ့ဝင်များ အဖြစ် ဒေါ်မေသူဝင်း (မွန်)၊ ဒေါ်သိင်္ဂီဝင်းရွှေ(စစ်ကိုင်း)၊ ဒေါ်မြမြစိမ်း (တနင်္သာရီ) နှင့် ဒေါ်နန်းဆိုင်နွမ်း (ရှမ်း၊တောင်) တို့က ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီး ကိုယ်စားလှယ်များက ”မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်း” ကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ တက်ရောက်သူများမှာ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှ စုစုပေါင်း ၁၉၈ ဦးတို့ဖြစ်ကြသည်။

အလားတူ အစုအဖွဲ့ (၂) တွင် သဘာပတိအဖြစ် ဒေါ်စန်းစန်းဝင်း (ရန်ကုန်တိုင်းဒေသကြီး)၊ အဖွဲ့ဝင်များအဖြစ် ဒေါ်ဒေါရစ်လေး (ကယား)၊ ဒေါ်ခိုင်ဇင်ဦး (ရခိုင်)၊ ဒေါ်ခင်ခင်ဝင်း (ပဲခူး၊ အရှေ့) နှင့် ဒေါ်သီတာထွေး (ပြည်ထောင်စုနယ်မြေ) တို့က ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လာကြ သည့် အမျိုးသမီးကိုယ်စားလှယ်များက ”အမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်း” ကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ တက်ရောက်သူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) နှင့် ပြည်ထောင်စု နယ်မြေတို့မှ စုစုပေါင်း ၁၉၇ ဦး တို့ဖြစ်သည်။
ထို့နောက် အစုအဖွဲ့ (၃) တွင် သဘာပတိအဖြစ် ဒေါ်ခင်ရွှေမြင့် (ဗဟိုကော်မတီဝင်)၊ အဖွဲ့ဝင်များအဖြစ် ဒေါ်စန္ဒာဦး (ကရင်)၊ ဒေါ်တင်မေထွန်း (ရှမ်း၊အရှေ့)၊ ဒေါ်ရင်ရင်လှ (မကွေး) နှင့် ဒေါ်နွယ်နွယ်ဦး (ဧရာဝတီ) တို့ကဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လာကြသည့် အမျိုးသမီးကိုယ်စား လှယ်များက ”အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်ရေးစာတမ်း”ကို ဖတ်ကြားဆွေးနွေးခဲ့ သည်။ တက်ရောက်သူများမှာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့)၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ စုစုပေါင်း ၁၉၈ ဦးတို့ ဖြစ်သည်။

အစုအဖွဲ့ (၄) တွင် သဘာပတိအဖြစ် ဒေါ်နီနီမာ (ဗဟိုကော်မတီဝင်)၊ အဖွဲ့ဝင်များအဖြစ် ဒေါ်ဗန်အီယာန်ကြွယ် (ချင်း)၊ ဒေါ်နန်းကိန်ဖောင်းတစ် (ရှမ်း၊မြောက်)၊ ဒေါ်လှလှအေး(မန္တလေး) နှင့် ဒေါ်ထားထားနု (ပဲခူး၊ အနောက်) တို့က ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ အမျိုးသမီးကိုယ်စားလှယ် များက ”အမျိုးသမီးပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်း”ကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ တက်ရောက်သူများမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်) တို့မှ စုစုပေါင်း ၁၉၆ ဦး တို့ဖြစ်သည်။

အခမ်းအနားအစီအစဉ်အရ အမျိုးသမီးညီလာခံ (၂ဝ၁၈) နံနက်ပိုင်းအခမ်းအနား အစီအစဉ်များကို ခေတ္တရပ်နား ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ၄င်းအစုအဖွဲ့လေးခုက အစုအဖွဲ့အလိုက် သတ်မှတ်နေရာတွင် စာတမ်းပြုစုခြင်းနှင့် စာတမ်းတင်သွင်းမည့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုခန်းမဆောင်ကြီး၌ တတိယပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ ရာ အစုအဖွဲ့အလိုက် ရွေးချယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမျိုးသမီးကိုယ်စားလှယ်ရွေးချယ်ခြင်း၊ အတည်ပြုခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြပြီး အမျိုးသမီးညီလာခံ (၂ဝ၁၈) ပထမနေ့ကို ညနေပိုင်းတွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ပထမနေ့အခမ်းအနားသို့ ပါတီအထွေ ထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ ဖြစ်ကြသော ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဌေး၊ ဦးတင်အောင်ချစ်နှင့် ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီ ဗဟိုကော်မတီဝင်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသမီးညီလာခံ (၂ဝ၁၈) ၏ ကိုယ်စားလှယ် ၇၈၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။