ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ (ကချင်ပြည်နယ်) ကျင်းပခြင်း

မြစ်ကြီးနား၊ ဒီဇင်ဘာ ၇
ယနေ့ (၇-၁၂-၂၀၁၈) ရက်နေ့ နံနက် ၀၉း၀၀ နာရ်ီအချိန်မှ ၁၀း၀၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမကြီး၌ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း၊ ဂုဏ်ပြုသီချင်းဖြစ်သော “ပိုမိုတောက်ပသောအနာဂတ်ဆီ” သီချင်းကိုသီဆို၍ ပထမပိုင်း အခမ်းအနားအစီအစဉ်ကို စတင်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ရှီးဇော်လွမ်းလမ်းက အမျိုးသမီးညီလာခံ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခြင်းတို့ဖြင့် ပထမပိုင်း အခမ်းအနားအစီအစဉ် ခေတ္တရပ်နားခဲ့ကြပါသည်။
အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရပ်\ကျေး အမျိုးသမီးကော်မတီဝင်များ၊ ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
USDP KACHIN



