စပိန်တွင် ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့်ပါတီ လွှတ်တော်အတွင်းသို့ရောက်ရှိ

စပိန်ဒေသဆိုင်ရာ လွှတ်တော်များထဲတွင်သြဇာကြီးမားသည့် လွှတ်တော်တစ်ခုဖြစ်သော အန်ဒူလူစီယာဒေသ ဆိုင်ရာ လွှတ်တော်အတွင်းသို့ ရွှေ့ပြောင်းအခြေချသူများအား ဆန့်ကျင်သည့် မူဝါဒကို စွဲကိုင်ထားသောပါတီ ရောက်ရှိလာခြင်းကြောင့် စပိန်နိုင်ငံ၏ ရွှေ့ပြောင်းအခြေချသူများအားနှင့်ဆိုင်သော မူဝါဒပိုင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း ရုရှားတိုင်းမ် သတင်းဌာနက ဖော်ပြသည်။

အန်ဒူလူစီယာဒေသသည် စပိန်နိုင်ငံအတွင်း၌ လူဦးရေအထူထပ်ဆုံးဒေသဖြစ်သည့်အပြင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း အမြင့်ဆုံးဒေသလည်း ဖြစ်နေခြင်းကြောင့် ဒေသဆိုင်ရာ လွှတ်တော် အတွင်းသို့ ရွှေ့ပြောင်းအခြေချ သူများအား ဆန့်ကျင့်သည့်မူဝါဒ ကိုင်စွဲထားသည့်ပါတီ ရောက်ရှိလာခြင်းသည် စပိန်နိုင်ငံ၏ ရွှေ့ပြောင်း အခြေချသူများဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် အတိုင်းအတာ တစ်ရပ်အထိ အပြောင်းအလဲဖြစ်စေဖွယ် ရှိနေသည်။

ပြီးခဲ့သည့်ဒေသဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများတွင် အန်ဒူလူစီယာဒေသအား နှစ်ပေါင်း ၄၀ ခန့် လွှမ်းမိုးထားသည့် ဆိုရှယ်လစ်များ ကိုယ်စားလှယ်ရရှိမှု လျော့ကျသွားခဲ့ပြီး ရွှေ့ပြောင်း အခြေချသူများကို ဆန့်ကျင်သည့် မူဝါဒကိုင်စွဲထားသည့်ပါတီမှ မျှော်လင့်ထားသည်ထက် ပိုသော ကိုယ်စားလှယ်အရေအတွက် ရရှိခဲ့ခြင်းဖြစ်သည်။

-Ref: RT