ကျောက်ဆည် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေးကျင်းပ

ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍာရေးမှုး ဦးသန်းထွန်း၊ တိုင်းကော်မတီဝင် လူငယ်တာဝန်ခံ ဒေါ်သီဂီ င်္အောင်၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ၊ စည်းရုံးရေးနယ်မြေတာဝန်ခံများ၊ ရပ်ကျေး ( 96 ) အုပ်စုမှ ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီလူငယ်အမျိုးသား၊ အမျိုးသမီးများ ( 80 ) ကျော်ဖြင့် (3.11.2018) တွင် အစည်းအဝေးကို နံနက် (9:00) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည် နယ်မြေတာဝန်ခံဒေါ်သီဂီ င်္အောင် မှ 2020 ပါတီအောင်နိုင်ရေးအတွက် လှုပ်ရှားမှုများအရှိန်အဟုန်မြင့် ဆောင်ရွက်ရန်၊ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ 2018 နိုဝင်ဘာ ( 3 ) ရက်နေ့ ကျင်းပပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မိမိမြို့နယ်မှ ရှမ်းကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ အောင်နိုင်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ပူးပေါင်းဆောင်ရွက်ကြမှုရှိ၍ ရပ်ကျေးပါတီခေါင်းဆောင်များအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန် နှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်၍မရဘဲ အားလုံးက မိမိတို့သက်ဆိုင်ရာ တာဝန်အလိုက် ဝိုင်းဝန်းဆောင်ရွက်ကြခြင်းတို့ကို ရပ်ကျေး ပါတီဥက္ကဌနှင့် ကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးတင်ပြကြပြီး မဲရုံကိုယ်စားလှယ်များအား ဆုများချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ပြီး အစည်းအဝေးကို ( 12:00 ) နာရီကျော်တွင် ရုတ်သိမ်းခဲ့ပါသည်။

ကိုတင် kse