လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ရေးညှိနှိုင်းဆွေးနွေး

 ရန်ကုန်၊ ဒီဇင်ဘာ ၃

လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါတီဝင်စိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရန် အစည်း အဝေး ပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်က အမှာစကားပြောကြားရာတွင် နယ်မြေတာဝန်ခံများ၊ ရပ်/ကျေးဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြရန် နှင့် မိမိပါတီဝင်များ၊ ပြည်သူများ နှင့် စဉ်ဆက်မပြတ် ထိတွေ့မှုပြုလုပ်ကြရန် နှင့် ပါတီဝင်များလည်း စည်းစည်းလုံးလုံးနေကြရန် ပြောကြားပြီး ကွင်းဆင်းဆောင်ရွက်ရ မည့် အစီအစဉ်များကို မှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကော်မတီဝင်များ ရပ်/ကျေးဥက္ကဋ္ဌများက သိလိုသည်များကို မေးမြန်းကြ ရာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)