မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ယူခဲ့သည့် အာဆီယံအမျိုးသမီးများအဖွဲ့အစည်း (ACWO) တာဝန်လွှဲပြောင်းခြင်း အခမ်းအနားအား နေပြည်တော်တွင်ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ ၂၈

ယနေ့နံနက် ၉ နာရီချိန်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် အာဆီယံအမျိုးသမီးများအဖွဲ့အစည်း ASEAN Confederation & Women Organization (ACWO)၏ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စင်္ကာပူနိုင်ငံအမျိုးသမီးရေးရာဥက္ကဋ္ဌသို့ တာဝန်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ၂၀၁၆ မှ၂၀၁၈ ခုနှစ်ထိအလှည့်ကျ ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် MWAF ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်မှ စကာင်္ပူနိုင်ငံအမျိုးသမီးရေးရာဥက္ကဋ္ဌသို့ ACWO ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် အာဆီယံအမျိုးသမီးကိုယ်စားလှယ်များမှ အာဆီယံဒေသအတွင်းရှိ ကျေးလက်နေအမျိုးသမီးများ၏ လူနေမှုဘဝ တပြိုင်တည်း တိုးတက်မြင့်မားရေးနှင့်ပတ်သက်၍ နိုင်ငံအလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထိုအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အမျိုးသမီးများ၊ အာဆီယံဒေသအလိုက် အမျိုးသမီးကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားအား ညနေ ၅ နာရီချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

WHT