ချန်ပီယံလိဂ်ပွဲကို မန်ယူပရိတ်သတ်များ စိတ်ဝင်စားမှုလျော့ကျ

မန်ယူပရိတ်သများသည် ယန်းဘွိုင်းစ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အပေါ် စိတ်ဝင်စားမှု လျော့ကျ နေကြကြောင်း သိရသည်။

အဆိုပါပွဲမှာ အိုးထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သော်လည်း ရောင်းချသည့် လက်မှတ်များမှာ အများအပြားကျန်ရှိနေသေသည်ဟု သိရသည်။

တန်ဖိုး ၄၅ ပေါင်မှ ၅၈ ပေါင်အတွင်းရှိ လက်မှတ်အစောင်ရေ များစွာ ကျန်ရှိနေခြင်းဖြစ်သည်။

မန်ယူသည် ယန်းဘွိုင်းစ်နှင့်ပွဲစဉ်ကို အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်သို့ တက်ရောက်ရန် သေချာသွားမည်ဖြစ်သည်။

သို့သော် ပြီးခဲ့သောချန်ပီယံလိဂ် အိမ်ကွင်ပွဲစဉ် နှစ်ပွဲတွင် ဗလန်စီယာနှင့် ဂျူဗင်တပ်တို့အား ဂိုးမသွင်းနိုင်ခဲ့ခြင်းက ပရိတ်သတ်များကို ဆွဲဆောင်မှုလျော့ကျစေသည့် အဓိကအချက်ဖြစ်နေသည်။

မန်ယူသည် ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပရိတ်သတ်အနိမ့်ဆုံး ၆၇၀၀၀ အထိ လာရောက်ကြည့်ရှုခဲ့သည့်အသင်းဖြစ်သည်။ 

-Ref: ESPN