ထိုင်းနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေး

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို နိုဝင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ၃ ရက်ကြာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နယူးဇီလန်နဲ့ ကနေဒါ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကုန်သွယ်ရေးမှသည် လုံခြုံရေး ကိစ္စရပ်တွေအထိ ဆွေးနွေးခဲ့ပါတယ်။

 အာဆီယံခေါင်းဆောင်တွေဟာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူစာချုပ်မှာ ပါဝင်ဖို့ ထပ်မံ တောင်းဆိုခဲ့ပြီး ဒေသတွင်း ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကတိပြုခဲ့ကြပါတယ်။

အဲဒီ ထိပ်သီးဆွေးနွေးပွဲမှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက လာမယ့် အာဆီယံဥက္ကဋ္ဌရာထူး အမှတ်လက္ခဏာ တူကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထံ ပေးအပ်ခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌရာထူးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ အင်္ဂလိပ်အက္ခရာပေါ် အခြေခံပြီး နှစ်စဉ် အလှည့်ကျ တာဝန် ယူတယ်လို့ သိရပါတယ်။

DVB