ကြားဖြတ်ရွေးကောက်ပွဲရလဒ်များအရ အမေရိကန်အောက်လွှတ်တော်တွင် အမျိုးသမီး ၁ဝဝ ခန့် နေရာရ

ဝါရှင်တန် နိုဝင်ဘာ ၈

အင်္ဂါနေ့က ပြုလုပ်ခဲ့သော အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန်အောက်လွှတ်တော်၌ အမျိုးသမီး အမတ် ၁ဝဝကျော် နေရာရရှိခဲ့သည့်အတွက် ပထမဆုံးအကြိမ် အမျိုးသမီး အများစုနေရာ ရရှိခြင်း ဖြစ်လာသည်။
ဗုဒ္ဓဟူးနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် ၃၁ နှစ်အရွယ် ကေတီဟေးလ်က အနိုင်ရခဲ့ပြီး အောက်လွှတ်တော် တွင် အမျိုးသမီးဦးရေမှာ ၁ဝဝ ကျော်ရှိလာခဲ့သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အမျိုးသမီး ၈၄ ဦးနေရာရခဲ့ရာ ယခုတစ်ကြိမ်မှာ ပို၍များပြားလာခဲ့သည်။ ၈၅ ရာခိုင်နှုန်းသော အမျိုးသမီးများမှာ ဒီမိုကရက်များဖြစ်ကြပြီး အသက် ၂၉ နှစ် အရွယ် အသက်အငယ်ဆုံး အမျိုးသမီးအမတ်လည်း ပါဝင်လာ ခဲ့သည်။ ထို့ပြင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးနှစ်ဦးလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲဝင် အမျိုးသမီးများသည် လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့မှုကိုဆန့်ကျင်သည့် Metoo လှုပ်ရှား မှု၌ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာသူများ ဖြစ်သည်။  

သို့သော် အောက်လွှတ်တော်တွင် အမျိုးသမီးအရေ အတွက်မှာ ၂၃ ရာခိုင်နှုန်းခန့်သာ ရှိနေသေးသည်။
အောက်လွှတ်တော်အတွင်း နေရာရခဲ့သည့် အစ္စလာမ် ဘာသာဝင်အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ အသက် ၃၇ နှစ်အရွယ် အိုမာဆိုသူဖြစ်ပြီး ၄င်းသည် မီနီဆိုတာပြည်နယ်မှ အနိုင်ရရှိခဲ့သည်။ ၄င်းသည် ဆိုမာလီတွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၉၁ ခုနှစ်က ပြည်တွင်းစစ်ပွဲအတွင်း မိသားစုနှင့်အတူ အမေရိကန်သို့ ထွက်ပြေးလာခဲ့သည်။ ကင်ညာနိုင်ငံရှိ ဒုက္ခသည် စခန်းတွင် လေးနှစ်ကြာနေထိုင်ခဲ့ရပြီး အမေရိကန်ပြည်ထောင်စု သို့ ဆယ်ကျော်သက်အရွယ်တွင် ရောက်ရှိလာခဲ့သည်။

အသက် ၂၉ နှစ်အရွယ် အလက်ဇန္ဒားအိုကာစီရိုသည် အောက်လွှတ်တော်တွင် အသက်အငယ်ဆုံး အမျိုးသမီး တစ်ဦးဖြစ်လာပြီး ပွာတိုရီကန်မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ ယင်းပါတီမှ ဒီမိုကရက်တစ် အမတ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းပေးခဲ့သည်။

အင်န်အိတ်ခ်ျကေ