ကြိုးဝိုင်းထဲ လဲကျချိန်မှာ ကိုမာဝင်သွားတဲ့ မွေထိုင်းလက်ဝှေ့ကျော် ဆေးရုံမှာ ကွယ်လွန်

WBC ရွှေခါးပတ်လုပွဲမှာ အလဲထိုးခံခဲ့ရတဲ့ မွေထိုင်းလက်ဝှေ့သမား ခရစ်ရှန်ဒါဂီယိုဟာ ဦးနှောက်ဒဏ်ရာကြောင့် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အီတလီနိုင်ငံသား မွေထိုင်းလက်ဝှေ့သမား ဒါဂီယိုဟာ နာမည်ကျော် မွေထိုင်း လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။

ဒါဂီယိုဟာ WBC Asian Boxing Council ရဲ့ Silver Light Heavyweight ရွှေခါးပတ်လုပွဲအဖြစ် ဒွန်ပါရူအန်နဲ့ ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ရဲ့ ၁၂ ချီမှာ ဒါဂီယို လဲကျသွားခဲ့ပေမဲ့ ပြန်ထလာခဲ့ပါတယ်။ ပြန်ထလာပေမဲ့ အမူးမပြေသေးတဲ့ ဒါဂီယိုဟာ ပါရူအန်ရဲ့ လက်သီးတွဲလုံးတွေကြောင့် ကြိုးဝိုင်းထဲမှာ ခြေပစ်လက်ပစ် လဲကျ သွားခဲ့ပါတယ်။ ဒိုင်က သူ့ကို ပြေးထူပြီး ခေါင်းကို မပေးထားခဲ့ပါတယ်။ အဲဒီနောက် ဒါဂီယိုကို ဘန်ကောက်မြို့က ဆေးရုံတင်ပို့ခဲ့ပါတယ်။

ကြိုးဝိုင်းထဲ လဲကျသွားချိန်မှာ ကိုမာဝင်သွားတဲ့ ဒါဂီယိုဟာ သတိပြန်လည်လာခဲ့ခြင်းမရှိဘဲ သီတင်းတစ်ပတ် အကြာမှာ ကွယ်လွန်သွားခဲ့တာပါ။ အသက် ၄၉ နှစ်အရွယ်ရှိတဲ့ ဒါဂီယိုဟာ မွေထိုင်းပွဲစဉ် ၂၀၀ ကျော် ထိုးသတ်ခဲ့ပြီး ရွှေခါးပတ် တော်တော်များများ ဆွတ်ခူးနိုင်ခဲ့သူပါ။ အသက် ၈၀ အထိ လက်ဝှေ့ထိုးချင်ပြီး ကြိုးဝိုင်းက သူ့ဘဝဖြစ်ခဲ့တဲ့ ဒါဂီယိုက ချန်ပီယံတစ်ယောက်လို သေဆုံးသွားခဲ့တာလို့ သူ့ရဲ့အစ်ကို ဖာဘရီဇီယိုက ပြောပါတယ်။

-Ref; Skysports