အန်ဂျလာလီ ဒဏ်ရာရသွားတာကြောင့် ရှောင်ဂျင်နန်းနဲ့ပွဲပျက်

စင်္ကာပူနိုင်ငံမှာ နိုဝင်ဘာလ(၉)ရက်နေ့မှာ ကျင်းပမယ့်” Heart of the Lion” One Championship ပြိုင်ပွဲရဲ့ အဓိကတွဲဆိုင်းဖြစ်တဲ့ အန်ဂျလာလီနဲ့ ရှောင်ဂျင်နန်း တို့ပွဲမှာ အန်ဂျလာလီ ဒဏ်ရာရသွားတာကြောင့် တခြားပွဲကို အဓိက တွဲဆိုင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရပါတယ်။

စင်္ကာပူနိုင်ငံသူ အန်ဂျလာလီဟာ ပြီးခဲ့တဲ့တစ်ပတ်က လေ့ကျင့်ရေးအစီအစဉ်မှာ နောက်ကျောဒဏ်ရာ အပြင်းအထန်ရသွားခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် က ဆိုရင် လမ်းတောင်ေ ကာင်းကောင်း မလျှောက်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် သူမကတော့ သောကြောနေ့ပွဲကို ယှဉ်ပြိုင်ထိုးသတ်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။ သူမရဲ့ စိတ်ဓါတ်ကိုလေးစား အသိအမှတ်ပြုကြပေမယ့် One ဆေးအဖွဲ့ဝန်ထမ်းတွေကတော့ ယှဉ်ပြိုင် ထိုးသတ်ခွင့်ပြုနိုင်လောက်တဲ့ ကြံ့ခိုင်မှုမျိုး မရှိလို့ လီရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ အခုနောက်ဆုံးထုတ်ပြန်ချက်အရ တခြား စင်္ကာပူနိုင်ငံသူ တစ်ဦးဖြစ်တဲ့ ခရစ္စတီယန်လီနဲ့ ဂျပန်နိုင်ငံသူ ကာဇူကီတိုကူဒိုမီတို့ပွဲကို တွဲဖက်အဓိကပွဲဆိုင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

-Ref: Skysports