အင်ဒိုနီးရှားလေယာဉ် Black Box က အချက်ပြသံကြားရပြီ

(အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်ကျခဲ့တဲ့ Lion Air ခရီးသည်တင်လေယာဉ်ပျံကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ရှာဖွေရေးဆောင်ရွက်နေစဉ်)

 

တနင်္လာနေ့က ပျက်ကျသွားခဲ့တဲ့ အင်ဒိုနီးရှား Lion Air ခရီးသည်တင်လေယာဉ်ပျံရဲ့ Black Box ခေါ် ပျံသန်းမှုမှတ်တမ်းတင် ကရိယာက ထုတ်လွှင့်တဲ့ အချက်ပြသံကို ကြားရပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။

မှတ်တမ်းတင်ကိရိယာဟာ အင်ဒိုနီးရှားကမ်းလွန် ပင်လယ်ပြင်အောက် ပေ ၁ဝဝ နဲ့ ၁၃ဝ အကြားမှာ ရှိနေတယ်လို့ ယူဆကြောင်းနဲ့ ဒီညပိုင်းမှာ အဲဒီနေရာကို ရေငုပ်ယာဉ် စေလွှတ်မယ်လို့ ဆိုပါတယ်။

မှတ်တမ်းတင် ကိရိယာအနီးမှာပဲ လေယာဉ်ပျက်ကိုလည်း တွေ့မယ်လို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

လူစုစုပေါင်း ၁၈၉ ဦး လိုက်ပါသွားတဲ့ အဲဒီ လေယာဉ်ပေါ်ကနေ အသက်ရှင်ကျန်ရစ်သူမရှိပါဘူး။

RFA Burmese