ဘလွန်းဒီအောဆုရရှိရန် ဂရစ်ဇ်မန်း မျှော်လင့်

ဘလွန်းဒီအောဆုရရှိရန် အိပ်မက်မက်နေသည်ဟု အက်သလက်တီကိုမက်ဒရစ်နှင့် ပြင်သစ်ကြယ်ပွင့်အန်တိုနီ ဂရစ်ဇ် မန်းက ၀န်ခံပြောကြားသည်။

အက်သလက်တီကိုမက်ဒရစ်နှင့် ယူရိုပါလိဂ်ဖလား၊ ပြင်သစ်နှင့်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီးနောက် ဂရစ်ဇ်မန်း (၂၇နှစ်)သည် ဘလွန်းဒီအောဆု ရရှိရန် အလား အလာကောင်းနေသည်။

၂၀၁၆ က ရော်နယ်ဒိုနှင့်မက် ဆီတို့နောက် တတိယသာရရှိခဲ့ သောတိုက်စစ်မှူးက ဘလွန်းဒီအောဆုသည် ၎င်းအလိုရှိသောဆု ဟု မကွယ်မ၀ှက်ပြောကြားသည်။

‘‘ဘလွန်းဒီအောဆု၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားရဖို့အိပ်မက် မက်နေတယ်ဆိုတာကို ပြောဖို့ ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော့်မှာ အိပ်မက်တွေအများ ကြီးရှိပါတယ်။ ကလေးသုံးယောက်ယူဖို့ အိပ်မက်မက်တယ်။  အဲဒီအိပ်မက်တွေက ခင်ဗျားအိပ် ရာကထတိုင်း တွန်းအားပေးပါ တယ်’’ ဟု ဂရစ်ဇ်မန်းကပြော သည်။

စက်တင်ဘာက ဖီဖာအ ကောင်းဆုံးကစားသမားဆု ရရှိခဲ့သော ရီးရဲလ်နှင့် ခရိုအေးရှား ကွင်းလယ် လူကာမိုဒရစ် သည် ဘလွန်း ဒီအောဆုရရှိရန် ရေပန်းအစားဆုံးဖြစ်သည်။

ဂရစ်ဇ်မန်းသည် ၂၀၁၇-၁၈က အက်သလက်တီကိုအတွက် ၂၉ ဂိုးသွင်းယူခဲ့ကာ အောင်မြင်မှုရရှိခဲ့သည်။ ဘလွန်းဒီအောဆု သည် တစ်ဦးချင်းအတွက် အမြင့် ဆုံးဆုဖြစ်သည်ဟု ဂရစ်ဇ်မန်းက ပြောသည်။

‘‘ကစားသမားတစ်ယောက် အနေနဲ့ ဒါဟာ အမြင့်ဆုံးရောက်ရှိနိုင်တဲ့နေရာပါ’’ ဟု ဂရစ်ဇ်မန်း က ပြောကြားပြီး ယင်းဆုသည် သမိုင်းဝင်အဖြစ်ဆုံး၊ ဂုဏ်သိက္ခာ အကြီးမားဆုံးဖြစ်သည်ဟု ဂရစ်ဇ် မန်းက ဆိုသည်။

—Ref:FFT