မိုင်းရယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

မိုင်းရယ်၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန် မြို့နယ်ရုံးခန်းမ၌ ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ဘဏ္ဌာရေးမှူး ဦးစိုင်းခမ်းကော်၊ လားရှိုးခရိုင်ဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကျေးအမျိုးသမီးအဖွဲ့များ စုစုပေါင်း အင်အား (၃၃၀) တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက ကြို ဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မိုင်းရယ်မြို့နယ်ဥက္ကဌ ဦးစိုင်းထွမ်းဆာက အဖွင့်အမှာစကားပြောကြားပါသည်။ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်နန်းမွေနွံက အခမ်းအနား ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ခေတ္တရပ်နားပါသည်။
ထို့နောက် တက်ရောက်လာသူ အမျိုးသမီး ကိုယ်စားလှယ်များမှ အစုအဖွဲ့ (၄) ဖွဲ့ခွဲ၍ ဆွေးနွေးကြပြီး ရရှိထွက်ပေါ်လာသည့် ဆွေးနွေးချက်များကို ပြန်လည်တင်ပြ ကြမည်ဖြစ်ပါသည်။
အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် မိုင်းရယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက် (၃) ခုမှ အမျိုးသမီးသာရေးနာရေးအဖွဲ့ (၁၂) ဖွဲ့အတွက် တစ်ဖွဲ့လျှင် (၁) သိန်းကျပ်စီဖြင့် စုစုပေါင်း (၁၂) သိန်းလှူ ဒါန်းခဲ့ကြောင်း သိရှိရသည်။

credit >>> နန်းမွေနွံ