တမူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ ဟဲဇင်းကျေးရွာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
တမူး အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်တမူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာသည် ၂ဝ၁၈ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ဟဲဇင်းကျေး ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ ဆုံခဲ့သည်။
တမူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာသည် မဲဆန္ဒရှင် ပြည်သူများ ထံသို့သွားရောက်၍ ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာ ကိစ္စများအပါ အဝင် ၄င်းအနေဖြင့်မြို့နယ်အတွင်း ရှိ ပြည်သူများအကျိုးသယ်ပိုးထမ်း ရွက်သွားမည့်ကိစ္စများနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ဟောပြောရာသို့ တမူး မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးရိုထန်းပွီးယာနှင့်အတူ တမူးခရိုင်နှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ပါတီကော်မတီဝင်များ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ သည်။
သုတ(မန္တလေး)