သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲဆိုင်ရာဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ

 

သပိတ်ကျင်း အောက်တိုဘာ ၁၄

သပိတ်ကျင်းမြို့နယ်ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဖွင့်လှစ်သော ဒုတိယအကြိမ် မြောက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးခန်းမ တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြင်ဦးလွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အခမ်းအနား အား အစီအစဉ်များအတိုင်း ဆက် လက်ကျင်းပခဲ့သည်။

အခမ်းအနားသို့တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်နှင့်ဦးကျော်စန်း၊ ပြင်ဦး လွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးထွန်းတင့်၊ မြို့နယ် ပါတီအတွင်းရေးမှူး သပိတ်ကျင်း မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များနှင့် သင်တန်းသားသင်တန်း သူများ စုစုပေါင်း အင်အား ၁၅ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး