မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်
မင်းတုန်း၊ အောက်တိုဘာ၊ ၁၂
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားကို အစီအစဉ် ၃ ခုခွဲ၍ ကျင်းပကြပြီး မြို့နယ်ပါတီဥက္ကဌ ဦးစိုးနိုင်က အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ အစုအဖွဲ့များခွဲ၍ နှီးနှောဖလှယ်ပွဲတွင်တင်သွင်းမည့် စာတမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆွေးနွေးဖတ်ကြားခြင်း၊ ဆွေးနွေးတင်သွင်းသော စာတမ်းများအပေါ် သဘာပတိမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ရှေလုပ်ငန်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်ကြပြီးနောက် မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် အခမ်းအနားကို ပြည်ခိုင်ဖြိုးဟေ့သီချင်း
သံပြိုင်သီဆို၍ ပြီးမြောက်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ သရက်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကျော်၊ တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်လှ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊
မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ.ဒေါ်သီတာခိုင်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဇော်