ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင်​ဖွံ့ဖြိုး​ရေးပါတီ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့် ပိ​တောက်​ခင်​​ကျေးရွာ ပြည်​သူများနှင့်​တွေ့ဆုံပွဲသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့်ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတို့ လာ​ရောက်​အားဖြည့်

 

၂၀၁၈ ​အောက်​တိုဘာလ ၁၁ ရက် ​ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ လိုက်ပါ၍ ယနေ့နံနက် (၁၀:၀၀) နာရီအချိန် ​ကြက်​တက်​​ညောင်​ပင်​ကျေးရွာအုပ်​စု ပိ​တောက်​ခင်​​ကျေးရွာ ဦးလှစိုးနေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
တွေ့ဆုံပွဲတွင်​ ပြည်​​ထောင်​ကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအ​ထွေအတွင်း​ရေးမှူး ဦးပိုက်​​ထွေးမှ ​ရွေး​ကောက်​ပွဲများသည်​ ငါးနှစ်​တစ်​ကြိမ်​ပြုလုပ်​​နေမှာဖြစ်​ပြီး အနိုင်​အရှုံးဆိုတာ ရှိ​နေမည်​ဖြစ်​​ကြောင်း စားဝတ်​​နေ​ရေးသည်​ မိမိတို့အ​နေဖြင့် လုပ်​ကိုင်​မှ စား​သောက်​ရမည်​ဖြစ်​​ကြောင်းမိမိတို့ပါတီအ​နေဖြင့် တိကဝတ်​တွေမ​ပေး​သော်​လည်း ပြည်​သူ​တွေ
အ​နေဖြင့်​ အ​ရွေးမမှား​အောင်​ ​ရွေးချယ်​တတ်​ဖို့ လိုအပ်​​ကြောင်း ပါတီစည်းရုံး​ရေးအတွက်​ MRTV မှထုတ်​လွှင့်ခဲ့စဉ်​က အချက်​ (၁၀) ချက်​ကို ဖြည့်ဆီး​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်း ​ဆွေး​နွေးပါသည်​ ။
ဗဟို​ကော်​မတီ ပဲခူးတိုင်းတွဲဘက်​တာဝန်​ခံ ဦးလှသိန်းမှ က​လေးသူငယ်​များအား ပညာ​ရေးမြင့်မား​စေရန်​​ဆောင်​ရွက်​​ပေးသင့်​ကြောင်း မိမိတို့အား တာဝန်​ခံ​ဆောင်​ရွက်​​ပေးမည့်သူများအား ​ရွေးချယ်​ရာတွင်​ လူမှန် ​​နေရာမှန်​ ဖြစ်​​အောင်​​ရွေးချယ်​ရန်​ လိုအပ်​​ကြောင်း သို့မှသာ ပြည်​သူများ၏စီးပွား​ရေးဘဝ ဖွံဖြိုးတိုးတက်​လာမည်ဖြစ်​​ကြောင်း ဘာသာ​ရေးနှင့်ပတ်​သက်​၍ မိမိတို့ဘာသာသာသနာအား ​စောင့်​​ရှောင်​ရန်​ လိုအပ်​​ကြောင်း အခြားဘာသာများကိုလည်း လွတ်​လပ်​စွာကိုးကွယ်​ခွင့်​ပေးအပ်​ထား​ကြောင်း ထို့အပြင်​ မိမိတို့ပါတီအ​နေဖြင့် အချုပ်​အခြာအာဏာနှင့် နယ်​နိမိတ်​ လုံးဝအရှုံးဆုံးမခံ​ကြောင်း လက်​ရှိအ​ခြေအ​နေထက်​ ​ကောင်းမွန်​​သော အ​ခြေအ​နေတစ်​ရပ်​အား ဖန်​တီး​ပေးမည်​ဖြစ်​​ကြောင်း
ဆွေး​နွေးပါသည်​ ။
၎င်းနောက် အုတ်​တွင်းမြို့နယ်​ အမှတ် ​(၁) နယ်​​မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင်ပြည်သူများအားနှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည်မဲဆန္ဒရှင် ပြည်သူများ၏ ကြုံ​တွေ့​နေ
သောအခက်ခဲများ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်ပေးလိုကြောင်း လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ်များကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း သို့ဖြစ်ပါ၍ မိမိကို ယုံကြည်စွာဖြင့် မဲပေးကြရန်​ စည်းရုံး ဟောပြောပါသည်။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က မဲ​ပေးရမည့် ​နေ့ရက်​ အချိန်​များ မဲ​ပေးပုံနည်းစနစ်​များကို ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​။တွေ့ဆုံ ပွဲကို ​နေ့လည်​ ၁၂း၄၅ အချိန်​ ရုပ်​သိမ်းခဲ့ပါသည်​။ မဲဆန္ဒရှင်​ ပြည်​သူများနှင့် လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ​တွေ့ဆုံပွဲကို ​ပဲခူးတိုင်း​ဒေသကြီး တိုင်း​ကော်​မတီဝင်​ ဦး​ကျော်​​ဌေးနှင့် တောင်​ငူမြို့နယ်​ဥက္ကဋ္ဌ ဦး​မောင်​​မောင်​စိုးနှင့်အဖွဲ့ဝင်​များလည်း လိုက်​ပါ ကူညီ​ဆောင်​ရွက်​ခဲ့​ကြောင်းသတင်းရရှိပါသည်​ ။

နေကာယံ(အုတ်​တွင်း)