ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ပြည်သူနှင့်တွေ့ဆုံစည်းရုံးဟောပြော
တမူး အောက်တိုဘာ ၈
တမူးပြည်ခိုင်ဖြိုးပါတီနှင့် ကိုယ်စားလှယ်လောင်းဦးရိုထန်းပွီး ယာတို့သည် ယမန်နေ့က ခမ်းပါတ် (၂)နှင့်(၁)ရပ်ကွက်ပြည်သူများ နှင့် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲထည့်နည်းစနစ်ကိုရှင်းပြခြင်း၊ ကိုယ်စားလှယ် လောင်းက မိတ်ဆက်စကားပြောကြားခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ မဲဆွယ် စည်းရုံးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း၊ တိုင်းကော်မတီဝင် ဦးမင်းမင်းဇေယျာမြင့်၊ ခရိုင်/မြို့နယ်မှ ပါတီကော်မတီဝင်များလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရ သည်။
ကိုကိုရွှေ(တမူး)