ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့်​ ကြက်​တက်​​ညောင်​ပင်​​ကျေးရွာ ပြည်​သူများနှင့်​​တွေ့ဆုံ

၂၀၁၈၊ အောက်တိုဘာလ ၄ ရက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်​ဥက္ကဋ္ဌ ဦးလွင်​မင်းသိန်း၊ မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာ (၄) ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန် ​ကြက်​တက်​​ညောင်​ပင်​ကျေးရွာအုပ်စု ကြက်​တက်​​ညောင်​ပင်​ကျေးရွာ ဦးထွန်း​ဇော်​ဦး နေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။

တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်နှင့် မဲဆန္ဒရှင် ပြည်သူများအား မိတ်ဆက်ပေးပြီး ပါတီ၏မူဝါဒလမ်းစဉ်များ လက်​ရှိနိုင်ငံရေးအခြေနေများ ရှင်းလင်းပြောကြားပါ သည်။ ထို့​နောက်​ မဲ​ပေးရမည့်​​နေ့ရက်​ အချိန်​များ မဲ​ပေးပုံနည်းစနစ်​များကို ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​။
ထို့​နောက်​ မြို့နယ်​ဥက္ကဋ္ဌ ဦးလွင်​မင်းသိန်းမှလည်း လက်​ရှိ နိုင်​ငံအတွင်းဖြစ်​​ပေါ်​နေ​သော အ​ခြေအ​နေများကို ရှင်းလင်း​ဆွေး​နွေးပါသည်​။
၎င်းနောက် အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) နယ်​​မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင် ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည် မဲဆန္ဒရှင်ပြည်သူများ၏ ကြုံ​တွေ့​နေ​သောအခက်ခဲ များ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်ပေးလိုကြောင်း လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ် များကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း သို့ဖြစ်ပါ၍ မိမိကိုယ် ယုံကြည်စွာဖြင့် မဲပေးကြရန်​ စည်းရုံး ဟောပြောပါသည်။ ထို့​နောက်​ စည်းရုံး​ဟော​ပြောပွဲကို ​နေ့လည်​ ၁၂းဝဝ နာရီတွင်​ ပြီးဆုံးခဲ့​ကြောင်း သတင်း ရရှိပါသည်​။

နေကာယံ (အုတ်တွင်း)