ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးလပတ်ပုံမှန် အစည်းအဝေးကျင်းပ

 

ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍရေးမှုး ဦးသန်းထွန်း၊မြို့နယ်ပါတီဥက္ကဌဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များ၊စည်းရုံးရေးနယ်မြေတာဝန်ခံများ၊လူငယ်ရေးရာတာဝန်ခံဦးသန်းဝင်းစိုး၊ရပ်ကျေး ( ၉၆ ) အုပ်စုမှ ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီလူငယ်အမျိုးသား၊အမျိုးသမီးများ ( ၇၀ ) ကျော် တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ဆက်လက်၍ မြို့နယ်ပါတီဥက္ကဌဦးစိုးစိုးထွန်းမှ ၂၀၁၈ နိုဝင်ဘာ ( ၃ ) ရက်နေ့ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မိမိမြို့နယ်မှ ရှမ်းကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် နှင့် ရပ်ကျေးပါတီ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်နှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊တစ်ဦးကောင်း တစ်ယောက်ကောင်းဆောင်ရွက်၍မရဘဲ အားလုံးက မိမိတို့သက်ဆိုင်ရာ တာဝန်အလိုက် ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခြင်း၊ထို့နောက် ရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များမှ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာနှင့် ရပ်/ရွာအခြေအနေများကို ပြန်လည်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ယနေ့( ၁၁:၀၀ ) နာရီကျော်တွင် ရုတ်သိမ်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး