ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီများ လပတ်ပုံမှန်အစည်းဝေး

 

ဖေါင်းပြင်၊ အာက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီရုံးခန်းမ၌ ယနေ့နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များနှင့် ဗဟိုအမျိုးသမီးရေးရာညီလာခံ ကြိုဆိုဂုဏ်ပြုပွဲအတွက် ညှိနှိုင်းဆွေးနွေးကြပါသည်။
ရှေ့ဦးစွာ ပါတီဥက္ကဌ ဦးနေဝင်းမှ ပါတီဌာန ဝင်ငွေထွက်ငွေများစာရင်း ရှင်းလင်းပါသည်။ ဆက်လက်၍ ဗဟိုအမျိုးသမီးရေးရာ ကြိုဆိုဂုဏ်ပြုပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် လုပ်ဆောင်ရမည့်ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းကြပါသည်။
ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များသည် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ကြပြီး အစည်းဝေးကို နေ့လည် (၁:၀၀) နာရီအချိန်တွင် တက်ရောက်လာကြသည့် မြို့နယ်ပါတီကော်မတီများအားလုံး သဘောတူလက်မှတ်ရေးထိုးကာ အစည်းဝေးကို အောင်မြင်စွာ ရပ်နားခဲ့ကြပါသည်။

မျိုးမြင့်အောင် (ဖေါင်းပြင်)