အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) မဲဆန္ဒနယ်​​မြေ လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း သရက်ကုန်းကျေးရွာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

၂၀၁၈၊ စက်တင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ စက်တင်ဘာ (၃၀) ရက်နေ့နံနက် (၀၉:၀၀) အချိန် နတ်​စဉ်​ကုန်းကျေးရွာအုပ်စု သရက်​ကုန်း​ကျေးရွာ ဦးတင်​​အေး ​နေအိမ်​တွင်​ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်နှင့် မဲဆန္ဒရှင်ပြည်သူများအား မိတ်ဆက်ပေးပြီး ပါတီ၏ မူဝါဒလမ်းစဉ်များ နိုင်ငံရေးအခြေနေများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့​နောက်​ မဲ​ပေးရမည့် ​နေ့ရက်​အချိန်​များ မဲ​ပေးပုံနည်းစနစ်​များကို
ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်။
ယင်းနောက် အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) နယ်​​မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင်ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည် မဲဆန္ဒရှင်ပြည်သူများ၏ ကြုံတွေ့နေရတဲ့ အခက်ခဲများ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်​ရွက်​မည်​ဖြစ်​ပြီး လူငယ်​များကိုလည်း ပြုစုပျိုး​ထောင်​​ပေးခဲ့​ကြောင်း၊ လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ်များကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း၊ သို့ဖြစ်ပါ၍ မိမိကိုယ် ယုံကြည်စွာဖြင့် မဲပေးကြဘို့ စည်းရုံးဟောပြောပါသည်။ ရှင်းလင်းပြောကြားပြီး မဲဆွယ်စည်းရုံးပွဲကို နေ့လည် (၁၁:၀၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Nay Kar Yan