အဓိက ကစားသမားအချို့မပါဘဲနဲ့ ရုရှားကို သွားရောက်တဲ့ ရီးရဲလ်

ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အဖြစ် CSKA မော်စကိုနဲ့ အဝေးကွင်းသွားကစားဖို့အတွက် လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရုရှားနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပြလိုပက်တီဂူရဲ့ ၂၀ ဦးပါ ရီးရဲလ်ကစားသမားစာရင်းမှာ အဓိကကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှုး ဂါရတ်ဘေးလ်နဲ့ အသင်းခေါင်းဆောင်ရာမို့စ်တို့ ပါဝင်လာခြင်းမရှိပါဘူး။ နှစ်ယောက်စလုံးမှာ အက်သလက်တီကိုနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ဒဏ်ရာပြဿာနာကိုယ်စီနဲ့ ကြုံတွေ့ခဲ့ကြ ရပါတယ်။ ဂါရတ်ဘေးလ်ဆိုရင် ပေါင်ဒဏ်ရာရသွားခဲ့လို့ အဲဒီပွဲရဲ့ပထမပိုင်းအပြီးမှာပဲ လူစားလဲခြင်း ခံခဲ့ရပါတယ်။

ရာမို့စ်ကလည်း အက်သလက်တီကိုဘက်က ဆောလ်နီဂွက်ဇ်နဲ့ ခေါင်းယှဉ်တိုက်စဉ် မျက်နှာမှာ ဒဏ်ရာ ရသွားခဲ့လို့ လူစားရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ ရီးရဲလ်အသင်းမှာ သူတို့အပြင် နောက်ထပ်အဓိက ကစားသမား နှစ်ယောက်လည်း ဒဏ်ရာပြဿနာတွေရှိနေကြကာ CSKA နဲ့ပွဲကို လွဲချော်ကြမှာပါ။ သူတို့ကတော့ ဘယ်နောက်ခံလူ မာဆယ်လိုနဲ့ ကွင်းလယ်ကစားသမား အစ္စကိုတို့ ဖြစ်ကြပြီး မက်ဒရစ်ဒါဘီပွဲကိုလည်း လွဲခဲ့ကြသေးတာပါ။

90Minutes