မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအကြို ညီလာခံနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

မိုင်းပျဉ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ မြို့နယ်အမျိုးသမီးအကြို ညီလာခံ နှီးနှောဖလှယ်ပွဲ အခမ်းအနားတစ်ရပ်ကို စက်တင်ဘာ (၂၉) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်အလံအလေးပြုခြင်း ၊ နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ပြည်ခိုင်ဖြိုးတိုင်းရင်းသား သမီးပျိုလေးများက ကေသရာဇာသီချင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းက အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပါသည်။ အခမ်းအနားအစီအစဉ်အရ အစုအဖွဲ့ (၄) စုဖွဲ့၍ ရှင်းလင်းဆွေးနွေးခြင်း ၊ စာတမ်းဖတ်ကြားခြင်းနှင့် ပြည်နယ်အမျိုးသမီးညီလာခံသို့ သွားရောက် တက်ရောက်မည့် အမျိုးသမီးကိုယ်စားလှယ် (၃) ဦးတို့ကို ရွေးချယ်ပါသည်။ အဆိုပါ အခမ်းအနားကို ပြည်ခိုင်ဖြိုးဟေ့ သီချင်းဖြင့် ရုတ်သိမ်းပြီး ပြည်ခိုင်ဖြိုးမိသားစုများ အတူတကွ နေ့လည်စာ သုံးဆောင်ခဲ့ကြပါသည် ။ အခမ်းအနားကို မွန်းလွဲ (၁၂း၃၀) နာရီအချိန်တွင် ရုတ်သိမ်းပြီး အင်အား (၁၅၀) ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။