ကြို့ပင်ကောက်မြို့နယ် usdp တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာတာဝန်ခံ တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနုနှင့် တိုင်းပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း တိုင်းပါတီကော်မတီဝင်ဦးစိုးအောင် တိုင်းပါတီကော်မတီဝင် ဦးမျိုးအောင်တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် သာယာဝတီခရိုင် ပါတီဥက္ကဌဦးသိန်းဇော် ခရိုင်အတွင်းရေးမှူး ဦးဇော်ဝေလင်း ခရိုင်ကော်မတီဝင် ဒေါ်အေးအေးခိုင် ခရိုင်ကော်မတီဝင် ဦးကျော်မင်းထွန်းတို့လိုက်ပါလျှက် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ ဥက္ကဌ အတွင်းရေးမှူး ကော်မတီဝင်များနှင့်တွေ့ဆုံကာ အမျိုးသမီးရေးရာညီလာခံကိစ္စရပ်များ ပါတီစည်းရုံးရေးရာနှင့်မီဒီယာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးလမ်းညွှန်မှုများဆောင်ရွက်ခဲ့ပါသည်။